နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်သတင်းစာမာကာရဲ့ အွန်လိုင်းစစ်တမ်းမေးခွန်းအတွက် ပရိသတ်တွေရဲ့ အဖြေ

စက်တင်ဘာ  ၉


လက်ရှိ ဘာစီလိုနာအသင်းရဲ့အခြေအနေနဲ့ မက်ဆီရဲ့အခြေအနေတွေကို စပိန်သတင်းစာ မာကာက  အွန်လိုင်းစစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ပါတယ်။ လာမယ့်ရာသီမှာ ဘာစီလိုနာ ဆုဖလားတွေကို စိန်ခေါ်နိုင် မလား၊ ရာသီကုန်မှာ မက်ဆီ အသင်းကနေထွက်ခွာနိုင်မလား စတာတွေကိုမူတည်ပြီး ဘာစီပရိသတ်တွေကို အွန်လိုင်းစစ်တမ်းနဲ့ မေးမြန်းမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ဘာစီလိုနာပရိသတ်များက လာမယ့် ၂၀၂၀−၂၁  ရာသီမှာ ၎င်းတို့အသင်းအနေနဲ့ ဆုဖလားတွေကိုစိန်ခေါ်နိုင်လိမ့်မည်မဟုတ်ကြောင်းနဲ့ အသင်းခေါင်းဆောင် မက်ဆီကလည်း ရာသီကုန်မှာ အသင်းကထွက်ခွာလိမ့်မယ်လို့ ဆန္ဒမဲများပေးခဲ့ကြောင်း သိရပါတယ်။ နည်းပြသစ် ရော်နယ်ကိုးမန်းကို ခန့်အပ်ခြင်း၊ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲရှိနေခြင်း၊ အဓိကကစားသမားမက်ဆီရဲ့ စာချုပ်သက်တမ်းမှာ လာမယ့်ရာသီမှာ ကုန်ဆုံးမည်ဖြစ်ခြင်း စတာတွေကြောင့် ဘာစီလိုနာရဲ့ ရာသီသစ် အလားအလာများနဲ့ပတ်သက်ပြီး မာကာရဲ့ အွန်လိုင်းစစ်တမ်းကောက်ယူမှုအပေါ် ပရိသတ်များက ဆန္ဒမဲများ ပေးခဲ့ကြပါတယ်။

မာကာရဲ့ စစ်တမ်းမှာ မက်ဆီ ဘာစီလိုနာဂန္ထဝင်အဖြစ် ဆက်လက်တည်ရှိမလားလို့ မေးမြန်းမှုအပေါ် ပရိသတ် ၆၂ ရာခိုင်နှုန်းက လက်ခံခဲ့ပြီး ၃၈ ရာခိုင်နှုန်းက မက်ဆီမှာ ဂန္ထဝင်တစ်ဦးရဲ့ သဘောထားများ မပြနိုင်ဟု သုံးသပ်ကြပါတယ်။ အသင်းဥက္ကဋ္ဌနဲ့ မက်ဆီတို့ ၂ ဦးအနက် ဘယ်သူ့ကို ဆက်ရှိဖို့ လိုလားပါသလဲ မေးရာမှာတော့ ပရိသတ် ၈၂ ရာခိုင်နှုန်းက မက်ဆီကို ဆက်ရှိစေချင်ပြီး ၂၈ ရာခိုင်နှုန်းက ဥက္ကဋ္ဌကို ရွေးချယ်ခဲ့ကြပါတယ်။ နူးကမ့်မှာ မက်ဆီဆက်ရှိတာဟာ ကောင်းမွန်ပါသလားလို့ မေးရာမှာတော့ ပရိသတ် ၄၄ ရာခိုင်နှုန်းက ထောက်ခံပြီး ၅၆ ရာခိုင်နှုန်းက အသင်းမှာ ပြန်လည်ပြင်ဆင်ရဦးမယ်လို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။ လာမယ့်ရာသီ ဆုဖလားများစိန်ခေါ်နိုင်မလားမေးရာမှာ ၆၉ ရာခိုင်နှုန်းက စိန်ခေါ်နိုင်မှာမဟုတ်ကြောင်းနဲ့ ၃၁ ရာခိုင်နှုန်းကတော့ ထောက်ခံခဲ့ကြပါတယ်။ လာမယ့်နွေရာသီမှာ မက်ဆီထွက်ခွာနိုင်လားလို့ မေးရာမှာတော့ ၇၅ ရာခိုင်နှုန်းက ထွက်ခွာမယ်လို့ ယုံကြည်ခဲ့ပြီး ၂၅ ရာခိုင်နှုန်းကသာ ဆက်ရှိမယ်လို့ မဲပေးခဲ့ကြပါတယ်။ ပရိသတ်တွေက ဘာစီလိုနာအသင်းရဲ့ ကပ်ဆိုက်နေတဲ့ကာလဟာ လာမယ့် ၂၀၂၀ − ၂၁ ရာသီတွင်လည်း မပြီးဆုံးနိုင်ကြောင်း မာကာသတင်းစာကသုံးသပ်ဖော်ပြခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ