နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
US PGA Tour Championship ပြိုင်ပွဲတွင် ဒက်စတင်းဂျွန်ဆင် ချန်ပီယံဆုဆွတ်ခူး

စက်တင်ဘာ  ၉


အမေရိကန်နိုင်ငံ၌ကျင်းပခဲ့သည့် US PGA Tour Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဒက်စတင်း ဂျွန်ဆင်က သတ်မှတ်ရိုက်ချက်ထက် ၂၁ ချက် လျှော့ရိုက်ကာ ချန်ပီယံဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အမေရိကန်နာမည်ကြီးဂေါက်သီးရိုက်ကစားသမားများဖြစ်ကြသည့် ဇန်ဒါနှင့် ဂျက်စတင် သောမတ်စ်တို့သည် ပြိုင်ပွဲနောက်ဆုံးနေ့အထိ ဒက်စတင်းဂျွန်ဆင်ကို ဖိအားပေးနိုင်ခဲ့သော်လည်း သတ်မှတ် ရိုက်ချက်ထက် ၁၈ ချက်စီသာ လျှော့ရိုက်နိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ပူးတွဲရပ်တည်နိုင်ခဲ့ ခြင်းဖြစ်သည်။

“ဒီပြိုင်ပွဲဟာ ခက်ခဲတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ နောက်ဆုံးနေ့ထိ အကြိတ်အနယ်ကစားခဲ့ရပါတယ်။ နောက်ဆုံး နေ့ထိ အကောင်းဆုံးပုံစံကိုထိန်းသိမ်းနိုင်ခဲ့လို့ ကျွန်တော် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တာပါ။ အမှတ်ပေးဇယား ထိပ်ကို ပွဲစဉ်တောက်လျှောက် ဦးဆောင်နိုင်ခဲ့ပြီးမှ ချန်ပီယံဖြစ်ခွင့်ရတာဟာ ကျေနပ်စရာကောင်းပါတယ်။ ဒါပေမဲ့ အမှတ်ပေးဇယားထိပ်မှာရပ်တည်ခဲ့တဲ့တစ်လျှောက်လုံး ဖိအားတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဖိအားတွေအောက်ကနေ လှပတဲ့အဆုံးသတ်ရလဒ်ကိုရယူနိုင်ခဲ့တာဟာ နောက်ပြိုင်ပွဲတွေအတွက် ကျွန်တော့်ကို ခွန်အားဖြစ်စေပါတယ်”ဟု ဒက်စတင်းဂျွန်ဆင်က ပြောကြားခဲ့သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ