နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာရှသားရဲ့ ဇွဲနဲ့စိတ်ဓာတ်ကို ကမ္ဘာသိအောင်လုပ်ဆောင်လိုက်တဲ့ ဆွန်ဟောင်မင်

စက်တင်ဘာ  ၉


စပါးနဲ့ ဝက်ဖိုဒ်တို့ ကစားခဲ့တဲ့ပွဲမှာ စပါးအသင်း ၂−၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ် အလိုမှာ ဝက်ဖို့ဒ်တို့ သေချာပေါက်တစ်ဂိုးထပ်ရမဲ့အခြေအနေကို ဆွန်ဟောင်မင်က အံ့ဖွယ်ကောင်းလောက်အောင် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် နောက်ဆုံးမိနစ်အရောက်မှာ ဆွန်ဟောင်မင်က ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသင်းကတော့ အဲဒီဂိုးပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ ဝက်ဖို့ဒ်ကို ၂−၁ နဲ့ ရှုံးနေပြီးသားဖြစ်ပါတယ်။ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ စပါးတို့ ထောင့်ကန်ဘောရခဲ့ပါတယ်။  စပါးဂိုးသမား အိုလိုဂက်ဇနီဂါးကပါ ဂိုးရရှိရေးအတွက် ရှေ့ထိလိုက်ပါကာ ချေပဂိုးရဖို့ အားထုတ်ခဲ့ကြပါတယ်။ စပါးကန်တင်လိုက်တဲ့ အဲဒီထောင့်ကန်ဘောကို ဝက်ဖို့ဒ်က ဖျက်ထုတ်လိုက်ရာ ဝက်ဖို့ဒ်နောက်ခံလူ နာဗာရိုက ကွင်းလယ်လောက်ကနေဂိုးသမားမရှိတဲ့ စပါးဂိုးပေါက်ဆီကို ကန်သွင်းခဲ့ရာ ဆွန်ဟောင်မင်က ကွင်းအလယ် စည်းလောက်ကနေ တောက်လျှောက်ပြေးလိုက်သွားကာ ဂိုးဝင်ခါနီးဘောလုံးကို အချိန်မီရှင်းထုတ်နိုင်တာကြောင့် စပါးတို့ ၃−၁ နဲ့ ရှုံးရမယ့်အစား ၂−၁ နဲ့သာရှုံးခဲ့တာပါ။ ဆွန်ဟောင်မင်က ဒီပွဲမှာ အသင်းခေါင်းဆောင်ပါ။ အသင်းအရေးနိမ့်ဖို့သေချာနေပေမယ့် နောက်ထပ်ဂိုးမပေးရရေးကို စွမ်းစွမ်းတမံကြိုးစားခဲ့ပြီး အာရှသား တစ်ယောက်ရဲ့ ဘောလုံးပွဲအပေါ်ထားတဲ့ စိတ်ဓာတ်၊ အသင်းအတွက်ပေးဆပ်ချင်တဲ့စိတ်ဓာတ်တွေကို ပြသခဲ့တာကြောင့် ပရိသတ်တော်တော်များများက တွစ်တာကတစ်ဆင့် ချီးကျူးပြောဆိုခဲ့ကြပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ