စက်တင်ဘာ ၉
အိုဇေးလ်ဟာ လက်ရှိအချိန်မှာ အာဆင်နယ်လ်အသင်းကစားသမားဟောင်း ဖလာမီနီနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ အိုဇေးလ်က သူ့ကိုလှုံ့ဆော်ပေးတဲ့သူတွေနဲ့ အလုပ်လုပ်ရတာ အမြဲတမ်းပျော်စရာပါပဲလို့ အင်စတာဂရမ်မှာတင်ထားတဲ့ပုံရဲ့အောက်မှာ ရေးသားထားခဲ့ပါတယ်။ အိုဇေးလ်ဟာ ဗိုင်းရပ်စ်အကျပ်အတည်း ကာလမှာ လစာဖြတ်ခြင်းခံရပြီးတဲ့နောက် အသင်းတာဝန်ရှိသူတွေကို လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂျာမနီကစားသမားဟောင်းဟာ အာဆင်နယ်လ်အသင်းကိုစိတ်ပျက်နေမိတာဖြစ်မယ်ထင်ပါ တယ်။ ခုတော့ အာဆင်နယ်လ်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အိုဇေးလ်ကို ဆော်ဒီကလပ် နာဆာအသင်းက တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ တူရကီသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ အာဆင်နယ်လ်နဲ့ ၂၀၂၁ ထိစာချုပ်ရှိနေသေးတဲ့ အိုဇေးလ်ကိုခေါ်ယူဖို့ ရီယတ်အခြေစိုက် ဆော်ဒီကလပ်က ချဉ်းကပ်ခဲ့တာပါ။ အယ်လ်နာဆာဟာ အိုဇေးလ်ကို ခုအပြောင်းအရွှေ့ချိန်မှာခေါ်ယူချင်တာပါ။ ဒါပေမယ့် အာဆင်နယ်လ်နဲ့ ပြောင်းရွှေ့ကြေးအဆင်မပြေတာကြောင့် လာမယ့်နှစ်မှာ အလွတ်ကြေးနဲ့ခေါ်ယူမယ်လို့ အိုဇေးလ်ကို ဖျောင်းဖျမယ့်သဘောရှိနေပါတယ်။ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၂၃ ပွဲ ပါဝင် ကစားပြီး ဒဏ်ရာပြဿနာကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ခံထားရပါတယ်။ အာဆင်နယ်လ်က လစာ အများဆုံးပေးနေရတဲ့ အားကစားသမားတွေထဲက တစ်ဦးကို ရောင်းချချင်နေပါတယ်။ အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်အသင်းကနေ အာဆင်နယ်လ်ကို ရောက်လာတာပါ။ နည်းပြ အာစင်ဝင်းဂါး နည်းပြကနေ နုတ်ထွက်ပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့အတူ အက်ဖ်အေဖလား ၃ ကြိမ်၊ ကွန်မြူနဒီဒိုင်း ၁ ကြိမ် ရရှိထားတာဖြစ်ပါတယ်။
(SO)