နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူးစက်မဟုတ်သောရောဂါများ ကာကွယ်ရေး

စက်တင်ဘာ  ၉


၂၁ ရာစုခေတ်ကာလတွင် ကူးစက်မဟုတ်သောရောဂါများသည် တစ်ကမ္ဘာလုံးတွင် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ကူးစက်မဟုတ်သောရောဂါများစွာရှိသည့်အနက် နှလုံးသွေးကြောရောဂါများ၊ ကင်ဆာရောဂါများ၊ ဆီးချို၊သွေးချိုရောဂါနှင့် နာတာရှည်အဆုတ်ရောဂါများကို အဓိကကျသော ကူးစက် မဟုတ်သောရောဂါများဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆီးချို၊သွေးချိုရောဂါကြောင့် တစ်နှစ်ထက်တစ်နှစ် လူပေါင်းခြောက်သောင်းကျော် သေဆုံးနိုင်ကြောင်း ပညာရှင် များက ခန့်မှန်းတွက်ချက်ထားသည်။

အသက် ၂၀ မှ ၇၉ နှစ်အတွင်း လူဦးရေ နှစ်သန်းခန့်မှာ ဆီးချို၊သွေးချိုရောဂါဖြစ်ပွားနိုင်ကြောင်း၊ လူ ၁၀၀ လျှင် ခြောက်ဦးနီးပါးနှုန်း ဖြစ်ပွားလျက်ရှိကြောင်း၊ အမျိုးသားဦးရေ ကိုးသိန်းကျော်နှင့် အမျိုးသမီးဦးရေ ၁၀ သိန်းကျော် ဖြစ်ပွားလျက်ရှိကြောင်း၊ ရောဂါရှိမှန်းမသိသူ ၁ ဒသမ ၂ သန်းခန့်ရှိကြောင်း ပညာရှင်များက အသိပေးထုတ်ပြန်ထားသည်။ ဆီးချို၊သွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် နှလုံးသွေးကြောပိတ် ခြင်း၊ လေဖြတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ မျက်စိကွယ်ရခြင်းတို့ကြောင့် လူစဉ်မမီ ဒုက္ခိတဖြစ်စေသည်။      ဆီးချို၊သွေးချိုရောဂါရှင်များအနေဖြင့်လည်း မှန်ကန်သည့်အစားအသောက်နှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်ကြရန် လိုအပ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် ဆီးချို၊သွေးချိုရောဂါကာကွယ်ရေးအတွက် ပြည်သူလူထုအနေဖြင့် ဆီးချို၊သွေးချိုရောဂါ ကနဦးလက္ခဏာရောဂါရှိ/မရှိစစ်ဆေးခြင်း၊ ဆီးချို၊သွေးချိုကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်း ပါဝင်ကြရန် လိုအပ်သည်။ 

မြန်မာနိုင်ငံတွင် ကူးစက်မဟုတ်သောရောဂါများသည် ပြည်သူလူထု၏ကျန်းမာရေးကို ခြိမ်းခြောက်နေ သော ကျန်းမာရေးပြဿနာများ တိုးတက်ဖြစ်ပေါ်လျက်ရှိရာ ကူးစက်ရောဂါများကာကွယ်ရေးသာမက ကူးစက်မဟုတ်သောရောဂါများ ကာကွယ်ထိန်းသိမ်းရေး တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်သည်။

ယင်းကဲ့သို့ ကူးစက်မဟုတ်သောရောဂါများကာကွယ်ရေးတွင် ပြည်သူများ ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး အတွက် ရောဂါဘယကင်းဝေးအောင် ဆောင်ရွက်ကြရမည်။ ရောဂါကင်းဝေးရေးအတွက် ကျန်းမာရေးဌာန အနေဖြင့် အရေးပေါ်ကာကွယ်ကုသမှုများကို ‌ဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ ရောဂါဘယကင်းဝေးရေး ကိုယ်တိုင်အသိ၊ ကိုယ်တိုင်သတိဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်း၊ နည်းလမ်းများကို အလေးထားဆောင်ရွက် ရမည်ဟု ဆိုချင်ပါကြောင်း  . . . . . ။        ။






အခြားဆက်စပ်သတင်းများ