နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကသိုလ်ရေကန်အတွင်းမှ ငါးကြီးသေဆုံးမှုအတွက် ဇမ်ဘီယာသမ္မတ ဝမ်းနည်းကြောင်း စကားဆို

စက်တင်ဘာ ၉၊ လူဆာကာ


ဇမ်ဘီယာနိုင်ငံ၏ ဒုတိယအကြီးဆုံး တက္ကသိုလ်ရှိ ရေကန်တစ်ခုအတွင်း နေထိုင်သည့် ငါးတစ်ကောင် သေဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်သူများတွင် ဇမ်ဘီယာသမ္မတ လွန်ဂူ ပါဝင်လာခဲ့သည်။ Copperbelt University (CBU) တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ငါးကြီး သေဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်သည့်အနေဖြင့် ဖယောင်းတိုင်များ ထွန်းပြီး ကျောင်းဝင်းကို တစ်ပတ်ပတ်ခဲ့ကြသည်။


အဆိုပါငါးကြီးကို မာဖီရှီ (Mafishi)ဟု လူသိများရာ ဂမ်ဘီယာနိုင်ငံ၏ တွစ်တာစာမျက်နှာပေါ်တွင်လည်း မာဖီရှီဆိုသည့် စကားလုံး ရေပန်းစားနေသည်။ မာဖီရှီဆိုသည့် ငါးကြီးမှာ စာမေးပွဲအတွက် ကံကောင်းခြင်းဆောင်ကျဉ်းပေးသည်ဟု ပြီးခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း CBU တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ယုံကြည်ခဲ့ကြသည်။


မာဖီရှီမှာ ဒေသခံဘမ်ဘာ ဘာသာစကားအရ ''ငါးကြီး''ဟု အဓိပ္ပာယ်ရပြီး အနည်းဆုံး သက်တမ်း ၂၂ နှစ်ရှိပြီဟု ယူဆထားကြသည်။ မာဖီရှီမှာ CBU တက္ကသိုလ်၏ ရေကန်အတွင်း နှစ် ၂၀ ကျော် နေထိုင်ခဲ့သည်ဟု ကျောင်းသားခေါင်းဆောင် ကာဆန်ဒီက ပြောသည်။ မာဖီရှီ သေဆုံးမှုကို စုံစမ်းစစ်ဆေးနေသည်ဟု CBU တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်က ပြောသည်။


'' ငါးကြီးကို မမြှုပ်ရသေးပါဘူး။ ခွဲစိတ်ကြည့်ဖို့ စီစဉ်နေတုန်းပါပဲ''ဟု ကာဆန်ဒီက ဆိုသည်။ '' တိရစ္ဆာန်တွေအပေါ် ပြုမူဆက်ဆံပုံကိုကြည့်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ ကြီးမြတ်မှု၊ စာရိတ္တပိုင်းကို ပိုင်းခြားနိုင်ပါတယ်။ မင်းအတွက် သင့်တော်တဲ့ နှုတ်ဆက်ပွဲလုပ်ပေးနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ငါတို့အားလုံး မင်းကို လွမ်းနေမှာပါ''ဟု သမ္မတ လွန်ဂူက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ