နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘောလိဝုဒ်မင်းသား ဆူရှန်ဆင်းမ် သေဆုံးမှုနှင့်စပ်လျဉ်းသည့် မူးယစ်ဆေးဝါးမှုကြောင့် ယင်း၏ချစ်သူကို ဖမ်းဆီး

စက်တင်ဘာ ၉၊ နယူးဒေလီ


ချစ်သူဖြစ်သည့် မင်းသား ဆူရှန်ဆင်းမ် သေဆုံးမှုနှင့်စပ်လျဉ်းသည့် မူးယစ်ဆေးဝါးမှုကြောင့် အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့က ဘောလိဝုဒ်သရုပ်ဆောင်မင်းသမီး ချာခရာဘိုတီကို ဖမ်းဆီးခဲ့သည်။ အသက် ၃၄ နှစ်ရှိသည့် မင်းသား ဆူရှန်ဆင်းမ်ကို ဇွန်လ ၁၄ ရက်က မွမ်ဘိုင်းမြို့ရှိ ယင်း၏ တိုက်ခန်းတွင် သေဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆူရှန်ဆင်းမ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ဆိုသည်။


သို့သော် ချာခရာဘိုတီက အဆုံးစီရင်အောင် တွန်းအားပေးခဲ့သည်ဟု ဆူရှန်ဆင်းမ်၏မိသားစုက စွပ်စွဲခဲ့ပြီး ချာခရာဘိုတီကို ရဲတပ်ဖွဲ့ထံတွင် တိုင်ချက်ဖွင့်ခဲ့သည်။ ချာခရာဘိုတီက မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိသေးသော်လည်း အစောပိုင်း ပြောကြားချက်များတွင် အမှားအယွင်း တစ်စုံတစ်ရာ လုပ်ခဲ့ခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။ ချာခရာဘိုတီအပေါ် မည်သည့်စွဲချက်များဖြင့် စွဲချက်တင်ထားသည်ဆိုခြင်းကို အာဏာပိုင်များက ထုတ်ပြောခြင်းမရှိသေးပေ။


ချာခရာဘိုတီ၏ မောင်နှင့် ဆူရှန်ဆင်းမ်၏ အိမ်တော်ထိန်းဟောင်း မီရန်ဒါတို့ကိုလည်း ပြီးခဲ့သည့်ရက်သတ္တပတ်က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခဲ့သည်။ သို့သော် ယင်းတို့အပေါ် စွဲချက်များကို ထုတ်ဖော်ခြင်းမရှိသေးပေ။ ဆူရှန်ဆင်းမ်နှင့် ချာခရာဘိုတီတို့မှာ ၂၀၁၉ ခုနှစ် နွေရာသီက စတင်ချစ်ကြိုက်ခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာလက အတူနေခဲ့ကြသည်ဟု သတင်းများက ဖော်ပြသည်။


ဆူရှန်ဆင်းမ် မကွယ်လွန်မီ ရက်သတ္တပတ်အလိုဖြစ်သည့် ဇွန်လ ၈ ရက်နေ့တွင် ချာခရာဘိုတီက ယင်း၏မိဘများအိမ်သို့ ပြန်သွားခဲ့ရာ ဆူရှန်ဆင်းမ် ကွယ်လွန်ချိန်တွင် ယင်း၏အိမ်၌ ချာခရာဘိုတီ မရှိခဲ့ပေ။ ဆူရှန်ဆင်းမ် ကွယ်လွန်ခဲ့ပြီးနောက် ယင်းအနေဖြင့် စိတ်ကျန်းမာရေးပြဿနာ ရင်ဆိုင်ခဲ့ရဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သော်လည်း ရက်ပိုင်းအကြာတွင် လူအများက ချာခရာဘိုတီအပေါ်  အာရုံစိုက်မိလာပြီး စွပ်စွဲမှုများ၊ နောက်ကွယ်မှ ကြံစည်မှုများ၊ ကောလာဟလများ၊ အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ