နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုပ်သားများကို အတင်းအကျပ်ခိုင်းစေဖွယ်ရှိခြင်းကြောင့် တရုတ်ပို့ကုန်များကို အမေရိကန်နိုင်ငံ ပိတ်ပင်တော့မည်

စက်တင်ဘာ ၉၊ ဝါရှင်တန်


လုပ်သားများကို အတင်းအဓမ္မစေခိုင်းပြီး ထုတ်လုပ်ထားသည်ဆိုသည့် စွပ်စွဲချက်များကြောင့် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ အဓိကကျသည့် ပို့ကုန်ပစ္စည်းများကို ပိတ်ပင်တော့မည်ဖြစ်သည်။ ပိတ်ပင်မည့် ပို့ကုန်ပစ္စည်းများတွင် တရုတ်နိုင်ငံ၏ အဓိကပို့ကုန်ပစ္စည်းဖြစ်သည့် ချည်မျှင်နှင့် ခရမ်းချဉ်သီး ထွက်ကုန်ပစ္စည်းများ ပါဝင်နေသည်။


တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ထွက်ရှိသည့် ချည်မျှင်၏ ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေပြီး အဓိကအားဖြင့် ရှင်ကျန်းဒေသမှ ထွက်ရှိခြင်းဖြစ်သည်။ ရှင်ကျန်းဒေသရှိ အူဂါမွတ်စလင်များအပေါ် ဆက်ဆံမှုနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က တရုတ်နိုင်ငံအပေါ် ဖိအားပေးလျက်ရှိသည်။


ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံက ခွဲထွက်ရေးဝါဒ၊ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အန္တရာယ်ရှိသည်ဟုဆိုကာ ရှင်ကျန်းဒေသတွင် လုံခြုံရေးတိုးမြှင့်ခဲ့သည်။ အသေးအဖွဲကိစ္စများအတွက် ရုံးတင်စစ်ဆေးခြင်းမရှိဘဲ လူတစ်သန်းနီးပါးကို ထိန်းသိမ်းခဲ့သည်ဟု အချို့သူများက ခန့်မှန်းထားသည်။ သို့သော် အူဂါမွတ်စလင်များကို ပြန်လည်မွမ်းမံသင်ကြားရေးစခန်းများသို့ ပို့ဆောင်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံက ဆိုသည်။


လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအဖွဲ့(CBP)က လုပ်သားများကို အတင်းအကျပ် ခိုင်းစေပြီး ထုတ်လုပ်ထားသည်ဟု သံသယရှိသည့် ပို့ကုန်ပစ္စည်းများကို သိမ်းဆည်းခွင့်ရှိသည့် Withhold Release Orders ညွှန်ကြားချက် ထုတ်ပြန်ရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါဥပဒေမှာ လူကုန်ကူးမှု၊ ကလေးလုပ်သားအသုံးပြုမှုနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ