နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေးရှင်းလိဂ်ပွဲစဉ်တွေ ဝင်လာခြင်းကို မနှစ်မြို့သည့် နာပိုလီဥက္ကဋ္ဌ

စက်တင်ဘာ ၈


နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တစ်က အာဆင်နယ်လ်မှာ နေရာမရဖြစ်နေတဲ့ ဂရိနောက်ခံလူ ဆိုကရာတစ် ကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ အာဆင်နယ်လ်ကို ယခုရာသီမှ သာ ပြင်သစ်လီဂူး−၁ မှ လူငယ်ဗဟိုခံစစ်ကစားသမား ၂ ဦးရောက်ရှိလာပြီး ဆိုကရာတစ်မှာ အသင်းကနေ ထွက်ခွာရဖို့ ရာခိုင်နှုန်းများနေပါပြီ။ အကယ်၍ ဆိုကရာတစ်ကို နာပိုလီခေါ်ယူနိုင်ခဲ့ရင် မန်စီးတီးအနေနဲ့ နာပိုလီမှ ကူလီဘာလီကို ခေါ်ယူနိုင်ရေးကြိုးပမ်းမှု အောင်မြင်နိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဥက္ကဋ္ဌ ဒီလော်ရန်တစ်က “ကျွန်တော်တို့ဆိုကရာတစ်ကို စာချုပ်ချုပ်ဆိုခေါ်ယူဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ ကူလီဘာလီနဲ့ပတ်သက်ပြီး ပြောရရင်တော့ ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေရှိလာရင် ကျွန်တော်တို့ ရောင်းချသွားပါ့မယ်”လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး  ဒီလော်ရန်တစ်က “ယခုတစ်ပတ်တစ်ကျော့ ပြန်ဝင်လာတဲ့ နေရှင်းလိဂ်ပွဲတွေမှာ မိမိတို့ကစားသမားများ နိုင်ငံပွဲသွားကစားပြီး ပြန်လာချိန် ကိုဗစ်ရောဂါပိုးကူးစက်မှုများရှိခဲ့လျှင် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေအနေနဲ့ ပြဿနာကြီးကြီး မားမားကြုံတွေ့နေရလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။ “မိမိတို့ကစားသမားများ ပြန်ရောက်လာချိန် ကိုဗစ် ရောဂါပိုးကူးစက်ခြင်းမရှိဖို့ မျှော်လင့်ပါကြောင်း” ဒီလော်ရန်တစ်က ပြောကြားလိုက်ပါတယ်။  


(SO)






အခြားဆက်စပ်သတင်းများ