နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်စည်းမျဉ်း၊ FA စည်းမျဉ်းတွေချိုးဖောက်တဲ့အင်္ဂလန်ရဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒင်

စက်တင်ဘာ ၈


အင်္ဂလန်လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒင်တို့ဟာ စနေနေ့က အိုက်စလန်အသင်းကို ၁−၀ ရလဒ်နဲ့ အနိုင်ရတဲ့ပွဲဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဖော် စတာလင်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် အိုက်စလန်အသင်းကို အနိုင်ရခဲ့ကြပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ်နဲ့ ကွင်းလယ်လူ  ဖိုဒင်တို့ဟာ တည်းခိုနေတဲ့ဟိုတယ်ကို အမျိုးသမီးငယ်တွေခေါ်လာပြီး ကိုရိုနာဗိုင်းရပ် ကန့်သတ်စည်းမျဉ်းနဲ့ FA ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိပါတယ်။ ဂရင်းဝုဒ်နဲ့ ဖိုဒင်တို့ဟာ အမျိုးသမီးများခေါ်လာပြီး Snacp Chat ထဲမှာ သူတို့ပြောသမျှအားလုံး ပြင်ပကိုပေါက်ကြားပြီးတဲ့နောက် အမျိုးသမီးများခေါ်လာတာလည်း ပေါက်ကြား ခဲ့ပါတယ်။ ဒီလိုခေါ်လာတာဟာ FA က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေထဲက အချို့ကိုချိုးဖောက် ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦး တနင်္လာနေ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ လွဲချော်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစဉ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေ တင်းကျပ်တဲ့အနေနဲ့ အသင်းရဲ့ကစားသမားတွေကို မိသားစုဝင်တွေနဲ့တောင် တွေ့ခွင့်ပေးမထားပါဘူး။ ဒါပေမဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒင်တို့က ဟိုတယ်ကို အမျိုးသမီးငယ်တွေခေါ်လာခဲ့ကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေထဲကတစ်ဦးက “ကျွန်မတို့ ဒီအကြောင်းကို မပြောချင်ပါဘူး၊ သူတို့ဒုက္ခရောက်မှာ မလိုလားဘူး”လို့ အိုက်စလန်အခြေစိုက် DV သတင်းကို ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂရင်းဝုဒ်နဲ့ ဖိုဒင်တို့ကတော့ စည်းမျဉ်းချိုးဖောက်မှုနဲ့ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။                                               


(SO)






အခြားဆက်စပ်သတင်းများ