စက်တင်ဘာ ၈
ဘိုင်ယန်မြူးနစ်ကို အရှက်တကွဲရှုံးနိမ့်မှုဟာ ဘာစီကိုပြန်လည်နိုးထလာစေဖို့ နိုးဆော်မှုလို့ ထင်ခဲ့ကြပါတယ်။ နည်းပြသစ်ရဲ့ အချိုးအကွေ့တစ်ရပ်မှာ မလိုအပ်ဘဲ အချိန်ကုန်ခံမယ့်အနေအထားမရှိ ပါဘူး။ ဒါကြောင့်လည်း လက်ရှိစီနီယာကစားသမား ၈ ယောက်ကလွဲပြီး ကျန်တဲ့ကစားသမားတွေ အာမခံ ချက်မရှိဘူးလို့ ဥက္ကဋ္ဌ ဘာတိုမြူက ကိုယ်တိုင်တိုက်ပွဲခေါ်သံပေးလိုက်ပါတယ်။ နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ ပြန်လည်တည်ဆောက်မယ့် ဘာစီလိုနာမှာ မလိုအပ်တဲ့ကစားသမားတွေ ရောင်းထုတ်မှာပါတဲ့ဗျာ။ ဒါကြောင့် ရာကီတစ်က အာဆင်နယ်လား၊ အမ်တီတီက မန်ယူလား၊ ဗီဒယ်က ပီအက်စ်ဂျီလား၊ ဆွာရက်ဇ်က အေဂျက်ကို ပြန်သွားမှာလားဆိုတာကို ဘာတိုမြူက မျက်စပစ်နေပါတယ်။ မတို့မထိရကစားသမားလို့ သူကိုယ်တိုင်ပြောခဲ့တဲ့ တိုက်စစ်မှူး မက်ဆီအပါအဝင် နောက်ထပ်စီနီယာကစားသမား ၇ ယောက်သာ နူးကမ့်ရဲ့အနာဂတ်မှာ ပါဝင်ကျန်ရှိမှာပါလို့ ဘာတိုမြူက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အသက် ၁၇ နှစ်အရွယ် တောင်ပံတိုက်စစ်မှူးလေး ဖာတီကလည်း စျေးကွက်တင်မယ့် ကစားသမားစာရင်းမှာ မပါဘူးလို့ ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားပါတယ်။ ဒါကြောင့် ကော်တင်ဟို၊ အမ်တီတီ၊ ပီကေး၊ တိုဒီဘို၊ ဖီယာပို၊ ဆာဂျီရော်ဘတ် တို၊ ဘက်စ်ကွက်စ်၊ ရာကီတစ်၊ ကာလက်စ်အလီနာ၊ ဗီဒယ်၊ ရာဖင်ဟာ၊ ဆွာရက်ဇ်၊ ဘရစ်ရှ်ဝိတ်တို့ကို ရှင်း ထုတ်ဖို့ ရှိနေပါတယ်။
(SO)