နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာချုပ်ဖျက်သိမ်းခံရမှုရဲ့ သက်ရောက်မှု ဘယ်လောက်ပြင်းထန်မလဲ

စက်တင်ဘာ ၈


ကိုဗစ်ကပ်ဘေးမှာ ပရီးမီးယားလိဂ်ရဲ့ အသင်းတွေကငွေကြေးပမာဏများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ကလပ်တွေက ကွင်းဝင်ကြေးတွေလုံးဝမရတဲ့အပြင် ဖြတ်တောက်ခဲ့ရတဲ့ အခြားသောစရိတ်များ များပြားလာမှု တွေကြောင့် ရုပ်သံလွှင့်ခအပေါ် အားကိုးနေကြရပါတယ်။ ဒီအခြေအနေမှာ တရုတ်ကုမ္ပဏီရဲ့ ဘီလီယံ ထက်ဝက်ကျော်တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းခြင်းက ပို၍အထိနာမှုကြီးတစ်ခုဖြစ်ပါတယ်။ ဒီစာချုပ် ကတော့ ပရီးမီးယားလိဂ်နဲ့ တရုတ်ကုမ္ပဏီ Suning Holdings တို့ ချုပ်ဆိုထားတဲ့ တရုတ်ပြည်တွင်းမှာ ပေါင် ၅၆၄ သန်းတန် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြသခွင့်စာချုပ်ဖြစ်ပြီး ဒီစာချုပ်ဖျက်သိမ်းလိုက်ကြောင်း တယ်လီဂရပ်က ဖော်ပြလာခဲ့ပါတယ်။ တရုတ်ကုမ္ပဏီဟာ ၂၀၁၉−၂၀၂၂ ဘောလုံးရာသီအတွင်း ပရီးမီးယား လိဂ်အပြင် လာလီဂါ၊ ဆီးရီးအေနဲ့ ဘွန်ဒက်စ်လီဂါတို့ရဲ့ ပြသခွင့်တွေကိုလည်း ဝယ်ယူထားခဲ့တယ်လို့ သိရပါတယ်။ ဒီစာချုပ်အရ ၂၀၁၉−၂၀၂၀ အတွင်း ရုပ်သံလွှင့်ခ ပေါင် ၉၂ ဘီလီယံရမယ့် စာချုပ်ပါ။ စာချုပ်တွေထဲမှာ တန်ဖိုးကြီးတဲ့စာချုပ်တစ်ခုလည်းဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီဘက်က ပရီးမီးယားလိဂ်ကို ပေးသွင်းရမယ့် ရုပ်သံကြေးပေါင် ၁၆၀ သန်းကို မပေးရာကနေ အခုလိုဖျက်သိမ်းဖို့အထိ ဖြစ်လာတာပါ။ ဒီဖျက်သိမ်းမှုက ပရီးမီးယားလိဂ်သမိုင်းမှာ တန်ကြေးအကြီးဆုံးစာချုပ်ဖျက်သိမ်းမှုဖြစ်လာခဲ့ပါတယ်။ ဒီစာချုပ်ဖျက်ရတဲ့ကိစ္စဟာ ဗြိတိန်နဲ့တရုတ်တို့ကြား နိုင်ငံရေးရာကိစ္စတွေနဲ့လည်း ဆက်နွယ်မှုရှိမယ်လို့ တွက်ဆကြပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ ဟာ ဒီဆုံးရှုံးမှုတွေကို မျှခံကြရမှာဖြစ်ပါတယ်။ ဆုံးရှုံးရမယ့် ငွေကြေးပမာဏက ပေါင် ၁၀ သန်းကနေ ၉၉ သန်းလောက်အထိရှိနိုင်ပါတယ်။ အားကစားသမားအပြောင်းအရွှေ့စျေးကွက်မှာတော့ အသင်းအချို့ငွေကြေးသုံးစွဲသူ အချို့က စောင့်ကြည့်ရင်းလှုပ်ရှားနေကြ ပါတယ်။ ဒီစာချုပ်ဖျက်သိမ်းမှုရဲ့ သက်ရောက်မှုဟာ ဘယ်လောက်ပြင်းထန်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။                                                                                                                     

(SO)






အခြားဆက်စပ်သတင်းများ