နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ် နန်းခလဲကျေးရွာတွင် ကလေးငယ်နှစ်ဦးရေနစ်သေဆုံး

ရန်ကုန်  စက်တင်ဘာ  ၈


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်နန်းခလဲကျေးရွာတွင် စက်တင်ဘာ ၇ ရက် ကကလေးငယ်နှစ်ဦးရေနစ်သေဆုံးကြောင်း သိရှိရသည်ဖြစ်စဉ်မှာ မွန်းတည့် ၁၂ နာရီခန့်က ကျေးရွာအရှေ့ဘက် နန်းခလဲ-စစ်ကိုင်းစုကျေးရွာသွား ဆက်သွယ်ရေးလမ်းဘေးရှိ ချောင်းရိုးပေါက်တွင်ကလေးငယ် နှစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သုံးခွမြို့မရဲစခန်းမှူးဒုရဲမှူးခင်မောင်ဆန်းသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာမောင်ထက်ဝေယံ ၉ နှစ်၊ တတိယတန်း ကျောင်းသားနှင့် မဖြိုးသီရိစိုး ၇ နှစ် နန်းခလဲကျေးရွာနေသူတို့ဖြစ်ကြောင်း သိရှိရသည်။ သေဆုံးသူ  ကလေးငယ်နှစ်ဦးသည် ဖခင်များဖြစ်သည့်  ဦးဇော်ဝင်းထွဋ်၊ ဦးအောင်မင်းစိုး၊ ဦးလေးတော်စပ်သူ ဦးသန်းတိုးအောင် နန်းခလဲကျေးရွာ၊ ချောင်းရိုးပေါက်တွင် ငါးဖမ်းလိုက်ပါသွားစဉ် မောင်ထက်ဝေယံနှင့် မဖြိုးသီရိစိုးတို့နှစ်ဦးကို ဆက်သွယ်ရေးလမ်းမပေါ်တွင်ထားခဲ့ပြီး ဦးဇော်ဝင်းထွဋ်၊ ဦးအောင်မင်းစိုး၊ ဦးသန်းတိုးအောင်တို့သည် ငါးဆင်းဖမ်းရာ ၁၅ မိနစ်ခန့်အကြာ ကလေးငယ်နှစ်ဦးထားခဲ့သည့်နေရာ တွင်မရှိတော့သဖြင့် လိုက်လံရှာဖွေရာငါးဖမ်းသည့်နေရာနှင့် ၁၅ ပေခန့်အကွာ ချောင်းရိုးပေါက်အကျယ် ၁၀ ပေခန့်အနက် လေးပေခန့်ရှိ ချောင်းရိုးထဲတွင် ကလေးငယ်နှစ်ဦးကို ရေအောက်တွင်ရေနစ်သေ  ဆုံးနေသည်ကိုတွေ့ရှိရပြီး အလောင်းများကိုစစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ  ရေနစ်သည့်လက္ခဏာဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသည်။ ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် သုံးခွမြို့ရဲစခန်းကသေမှုသေခင်း အမှတ်၁၇/၂၀၂၀ ဖြင့် အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                     


 ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ