နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူးစက်မြန် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်တွင် စစ်ဆေးရေးဂိတ်ထားရှိပြီး ကိုယ်ပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်  စက်တင်ဘာ ၈ 


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူလူထုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား နှိုးဆော်အသိပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး မြို့အဝင်ဂိတ် များတွင်လည်း ခရီးသွားပြည်သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း(mask)တပ်ဆင်ရန် အသိပေး နှိုးဆော်ခြင်း၊ ခရီးသွားရာဇဝင်နှင့် နေရပ်လိပ်စာများ၊ ထောက်ခံစာများစစ်ဆေးခြင်းလုပ်ငန်းများကို ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့အဝင် ဒေးဒရဲတံတားအဆင်း အင်္ဂပူကျေးရွာဂိတ်တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရစဉ်။                                                             

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)






အခြားဆက်စပ်သတင်းများ