နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ် စက်တင်ဘာ ၈


 စက်တင်ဘာ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် တာချီလိတ်မြို့နယ်၊ ဝမ်လုံကျေးရွာအုပ်စု၊ လွယ်စတုံ(အပေါ်)ကျေးရွာအနီး၌ ယန်းခေါင်ကျေးရွာ ဘက်မှ လောကဓမ္မဘုန်းကြီးကျောင်းဘက်သို့ အားဆူ(ခ)အားဖာ၊ လော်ဂျွန်းနှင့် အားတီတို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်(၃)စီးအား စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်များအတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား(၉၉,၈၀၀)ပြား၊ လက်ကိုင်ဖုန်း(၃)လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အားဆူ(ခ)အားဖာ(၂၉)နှစ်၊ လော်ဂျွန်း(၂၉)နှစ်နှင့် အားတီ(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်၊ နံနက် ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် သီပေါမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ချမ်းမြေ့ကိုကိုအောင် မောင်းနှင်ပြီး ဇေယျာထွန်း(ခ)ရာဇာ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ချမ်းမြေ့ကိုကိုအောင် (၁၇)နှစ်၊ ဇေယျာထွန်း(ခ)ရာဇာ(၃၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူ ထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ