နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆိပ်ခတ်ခံရသည်ဆိုသည့် ရုရှားအတိုက်အခံခေါင်းဆောင် သတိပြန်လည်လာပြီ

စက်တင်ဘာ ၈၊ ဘာလင်


အဆိပ်ခတ်ခံခဲ့ရသည်ဆိုသော ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီမှာ ကိုမာမှ လွန်မြောက်လာခဲ့ပြီး ကျန်းမာရေးအခြေအနေ တိုးတက်လာပြီဖြစ်ကြောင်း ယင်းကို ကုသပေးနေသည့် ဆရာဝန်များက ပြောသည်။ နာဗယ်နီက စကားလုံးများကို တုံ့ပြန်နေပြီဟု ဆရာဝန်များက ဆိုသည်။


အသက် ၄၄ နှစ်ရှိသည့် နာဗယ်နီမှာ ပြီးခဲ့သည့်သြဂုတ်လက ဆိုက်ဘေးရီးယားမှ မော်စကိုမြို့သို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်ပေါ်တွင် ဝေဒနာ ခံစားခဲ့ရခြင်းကြောင့် ဂျာမနီနိုင်ငံသို့ ပို့ဆောင်ပြီး ကုသမှု ခံယူခဲ့ရသည်။ နာဗယ်နီမှာ ရုရှားသမ္မတ ပူတင်၏အမိန့်ကြောင့် အဆိပ်ခပ်ခံခဲ့ရခြင်းဟု ယင်း၏အဖွဲ့က ပြောသည်။ သို့သော် ပူတင်က ယင်းနှင့် သက်ဆိုင်ခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။


သမ္မတပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် နာဗယ်နီမှာ အာရုံကြော ထိခိုက်စေသည့် နိုဗစ်ချော့ဓာတုဆေးရည်ဖြင့် အဆိပ်ခတ်ခံခဲ့ရခြင်းဟု ဂျာမနီဆရာဝန်များက ပြောသည်။ နာဗယ်နီမှာ အသက်ရှူစက် တပ်ခဲ့ရသော်လည်း  ပြီးခဲ့သည့်တနင်္လာနေ့တွင် အသက်ရှူစက် ဖြုတ်နိုင်သည့် အခြေအနေ ဖြစ်လာခဲ့သည်ဟု ဆိုသည်။


အကျင့်ပျက်ခြစားမှု ဆန့်ကျင်တိုက်ဖျက်သည့် နာဗယ်နီမှာ ပြီးခဲ့သည့်နှစ်များအတွင်း ရုရှားနိုင်ငံ၏ အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမားဖြစ်လာခဲ့သည်။                                     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ