နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်စပ်တွင် အိန္ဒိယစစ်သည်များ နယ်စပ်ဖြတ်ကျော်ပြီး ပစ်ခတ်ခဲ့သည်ဟု တရုတ်နိုင်ငံ စွပ်စွဲ

စက်တင်ဘာ ၈၊ ဘေဂျင်း


အိန္ဒိယစစ်သည်များက ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီး နယ်စပ်တွင် ကင်းလှည့်နေသည့် စစ်သည်များကို ရန်စသည့် ခြောက်လှန့်ပစ်ခတ်မှုများ လုပ်ခဲ့သည်ဟု တရုတ်နိုင်ငံက စွပ်စွဲခဲ့သည်။ ထို့ကြောင့် တရုတ်စစ်တပ်၏ အစောင့်စစ်သည်များက တန်ပြန်လှုပ်ရှားမှုများ လုပ်ခဲ့ရသည်ဟု စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် ယင်းတို့အနေဖြင့် မည်သည့်လှုပ်ရှားမှုလုပ်ခဲ့ကြောင်း တိတိကျကျ မသိရပေ။


တရုတ်နိုင်ငံ၏ စွပ်စွဲချက် မှန်ကန်ခဲ့ပါက အဆိုပါလုပ်ရပ်မှာ သေနတ်အသုံးပြုမှု တားမြစ်ထားသည့် သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ပြီး အိန္ဒိယ-တရုတ် နယ်စပ်တွင် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပစ်ခတ်မှုဖြစ်လာမည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်လများအတွင်း အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေး တဖြည်းဖြည်း ဆိုးရွားခဲ့သည်။


အိန္ဒိယစစ်သည်များက ထိန်းချုပ်ရေးစည်းကို တရားမဝင် ကျော်ဖြတ်ပြီး ပန်ဂုံတောင်ရေကန် တောင်ဘက် ကမ်းပါးအနီးရှိ ရှင်ပေါင်တောင်တန်းဒေသသို့ တရားမဝင်ဖြတ်ကျော်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကျန်းရွှေလီ၏ ပြောကြားချက်ကို တရုတ်နိုင်ငံပိုင် Global Times သတင်းဌာနက ဖော်ပြသည်။

အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ အာဏာပိုင်များက တစ်စုံ တစ်ရာတုံ့ပြန်ခြင်းမရှိသေးပေ။ ၁၉၉၆ ခုနှစ်က ချုပ်ဆိုခဲ့သည့် သဘောတူညီမှုအရ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်စပ်၏ ထိန်းချုပ်ရေးစည်းတွင် သေနတ်နှင့် ပေါက်ကွဲစေနိုင်သောပစ္စည်းများ အသုံးပြုခွင့်မရှိဟု အိန္ဒိယနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံလုံးကို တားမြစ်ထားသည်။                                                                                               


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ