နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်လေဆိပ် Terminal 3 ရှိ Gate 4 အား ပြန်ဖွင့်

ရန်ကုန်   စက်တင်ဘာ  ၈


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း ထွက်ခွာ/ဆိုက်ရောက် Terminal 3 ရှိ Gate 4 ကို ပြန် လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း Yangon Aerodrome Company Limited (YACL) မှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြုသူ ပြည်တွင်းခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်ကာလအတွင်း ဩဂုတ်လကုန်အထိယာယီပိတ်ထားခဲ့သော Terminal 3 ရှိ Gate 4 ကို စက်တင်ဘာလ ဒုတိယပတ်မှစတင်ကာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း (YACL) မှအသိပေးကြေညာထားသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူ ပြည်တွင်းခရီးသည်များအတွက် ဝင်ပေါက်နှင့် ထွက်ပေါက်ဖြစ်သော Terminal 3 ရှိ Gate 4 ကို ပြည်တွင်းခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် ပြီးခဲ့သည့် ဩဂုတ် ၄ မှစ၍ အမိုးအကာအသစ်တစ်ခုတိုးချဲ့ ဆောက်လုပ်နေခြင်းကြောင့် ဩဂုတ်လကုန်အထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

Yangon Aerodrome Company Limited (YACL) အနေဖြင့် လေဆိပ်အသုံးပြုသူ ခရီးသည်များ နှင့် လေဆိပ်ဝန်ထမ်းများ အားလုံး၏ ကျန်းမာရေး၊ လုံခြုံစိတ်ချမှုရှိရေး စသည်တို့အတွက် ဦးစားပေး လုပ်ဆောင်နေပြီး လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်မြန်ဆန်မှုရှိအောင် ကြိုးပမ်းလျက်ရှိရာ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့်လည်း လေဆိပ်အတွင်း ချမှတ်ထားသော ကျန်းမာရေးကာကွယ်မှု အစီအမံများကို အစဉ်လိုက်နာပေးကြရန် တိုက်တွန်းထားသည်။ 

မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို လာမည့် စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့် ထားသည်။                                                                                                             

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ