နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို Social Distancing နှင့်အညီ ပြည်သူများ လာရောက်ကြည့်ရှု

ရန်ကုန်  စက်တင်ဘာ  ၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများ၌ ဩဂုတ် ၃၀ ရက်မှစတင်၍ကပ်ထားရာ ပြည်သူများမှ Social Distancing နှင့်အညီ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြရာ လာရောက်ကြည့်ရှုသူတစ်ဦးဖြစ်သူ ဒုတိယနှစ်ကျောင်းသူ မမေသက်ခင်မှ “ကျွန်မ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကျွန်မကြိုက်တဲ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မဲပေးမှာပါ၊ အရင် ၂၀၁၅ ရွေးကောက် ပွဲမှာလဲမဲပေးခဲ့ပါတယ်၊ မဲပေးတယ်ဆိုတာ ဒီမိုကရေစီရဲ့အနှစ်သာရပါ”ဟု မဲပေးရခြင်းနှင့်ပတ်သက်သော ရင်တွင်းစကားကို ပြောသည်။

အဆိုပါစာရင်းတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၉ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄ ဦး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၈ ဦး၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိူး)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိူး)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၇ ဦး စုစုပေါင်း ၄၁ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သာကေတမြို့နယ်အတွင်းတွင် မဲရုံ ၂၁၁ ရုံထားရှိမည်ဖြစ်ကြောင်း သိရသည်။                 


ကိုဘုန်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ