နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် မဲဆွယ်စည်းရုံးခွင့်မရှိဟု ရွေးကော်ထုတ်ပြန်

ရန်ကုန်   စက်တင်ဘာ  ၈


ရွေးကောက်ပွဲကာလအတွင်း Stay at Home ကြေညာထားသည့် မြို့နယ်များတွင် ကိုယ်စားလှယ်လောင်း များအနေဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် Stay at Home ကြေညာထားသည့် မြို့နယ်များတွင် ရပ်ကွက်အတွင်းလှည့်လည်မဲဆွယ်ခြင်း၊ အိမ်တိုင်ရာရောက်မဲဆွယ်စည်းရုံးခြင်းတို့ကို ခွင့်ပြုမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

“Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခွင့်မရှိဘူးလို့ ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီတွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေရှိနိုင်တယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး၏ ပြောပြချက် အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ Stay at Home ကြေညာထားသည့်မြို့နယ်မှာ ၇ မြို့နယ်ရှိပြီး သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ခုလုံး Stay at Home ပါဝင်ကြောင်း သိရသည်။ ယင်းအပြင် မဲဆွယ်စည်းရုံးမည့်သူများအနေဖြင့်လည်း တစ်ကြိမ်လျှင်လူ ၅၀ ဦးထက်ပိုမစုရကြောင်း အသိပေးထုတ်ပြန် ထားသည်။

နိုဝင်ဘာလ ၈ ရက်တွင်ပြုလုပ်မည့်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမတိုင်ခင် မဲဆွယ်စည်းရုံးခွင့် ကာလမှာ စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာလ ၆ ရက်အထိသတ်မှတ်ထားကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ