နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရက်မူးပြီး ရေတွင်းပြုတ်ကျသူကို အရှင်လျက်ကယ်ဆယ်နိုင်ခဲ့

ချမ်းအေးသာစံ စက်တင်ဘာ ၈


  စက်တင်ဘာ ၅ ရက်၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ (၃၃)လမ်း၊ (၈၅x၈၆)ကြားတွင် ဦးဟန်သိုက်သည် အရက်မူးပြီး  ရေတွင်းထဲသို့ ပြုတ်ကျသဖြင့် စက်တင်ဘာ ၆ ရက်၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေတွင်းထဲသို့  ပြုတ်ကျသူ ဦးဟန်သိုက်အား နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှ-သရက်ကားလမ်း၊ မိုင်တိုင်အမှတ်(၅၇/၇)နှင့်(၅၈/၀)ကြားတွင် မိုးရွာသွန်းမှုကြောင့် လုံးပတ်(၃)ပေ၊ အမြင့်ပေ(၄၀)ခန့်ရှိ ထနောင်းပင်သည် မြေပျော့ကာ ကားလမ်းမပေါ်သို့ လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 

ဆွေဦး






အခြားဆက်စပ်သတင်းများ