နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်း နောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူရန် လေဗာကူဆင်အသင်း စိတ်ဝင်စားနေ

စက်တင်ဘာ  ၇


လေဗာကူဆင်အသင်းက အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရ သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ကစားသမားကို ပီအက်စ်ဂျီအသင်းကလည်း ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းကလည်း အသုံးစရိတ်ရရှိရန်အတွက် ရောင်းချချင်နေသည်။

လေဗာကူဆင်အသင်းသည် ဥရောပပြိုင်ပွဲ ဝင်ခွင့်ရရန်အတွက် အသင်း၏ လူစာရင်းကို အင်အားဖြည့်တင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

လေဗာကူဆင်အသင်းသည် ချဲလ်ဆီးအသင်းထံ ကိုင်ဟာဗက်ဇ်ကို ရောင်းချ၍ ရရှိထားသော ငွေကြေးများဖြင့် ညာနောက်ခံလူနေရာကို အင်အားဖြည့်ရန် မျှော်လင့်နေပြီး စပါးနောက်ခံလူ အော်ရီရာကိုလည်း ပစ်မှတ်ထား နေခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း လေဗာကူဆင်နှင့်အပြိုင် ဘယ်လာရင်ကို စိတ်ဝင်စားနေကြသည်။


(ဝင်းလွင်)






အခြားဆက်စပ်သတင်းများ