စက်တင်ဘာ ၇
ဒိန်းမတ်က ကမ္ဘာ့အဆင့် ၁၆ မှာရပ်တည်နေပါတယ်။ ဒိန်းမတ်ရဲ့ နောက်ဆုံးပွဲရလဒ်တွေကလည်းကောင်း မွန်ပါတယ်။ ၂၀၁၉ အတွင်း ၆ ပွဲကစား ၆ ပွဲစလုံး အရှုံးမရှိဘဲ ၄ ပွဲနိုင် ၂ ပွဲသရေရခဲ့ပါတယ်။ ဒိန်းမတ်ဟာ ဒီနေးရှင်းလိဂ်ပွဲကို နည်းပြသစ်ကက်ပါဂျူမန်းရဲ့ ဦးဆောင်မှုနဲ့ကစားမှာပါ။ အင်္ဂလန်နဲ့ပွဲဟာ ဂျူမန်းရဲ့ ဒုတိယပွဲလည်းဖြစ်ပါတယ်။ ဂျူမန်းဟာ ခြေစစ်ပွဲတွေအတွက်လည်း အတောင့်အတင်းဆုံးလူစာရင်းကို ရွေးချယ်ထားပြီးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ ကစ်ပါရှမိုက်ကယ်၊ ခရစ္စတီယန်ဆန်၊ ဗက်စတာဂတ်၊ ဟော့ဗျတ်တို့လို ကစားသမားတွေရှိသလို ဂျေဒွန်ဆန်ချိုနဲ့အတူ ဒေါ့မွန်မှာကစားနေတဲ့ ဒီလေးနီ၊ အင်တာမီယန်က ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ အဲရစ်ဆင်လို ကွင်းလယ်ဖန်တီးရှင်လည်း ရှိနေပါတယ်။ ဒိန်းမတ်မှာ လိုက်ပ်ဇစ်ကတိုက်စစ်မှူး ယူဆွတ်ပေါလ်ဆင်၊ ဘာစီလိုနာရောက် ဘရိတ်ဝစ် ပါးမားက ကော်နီယက်စ်တို့သာမက နိုက်မှာကစားနေတဲ့ ဒိုးလ်ဘတ်ဟာတို့လို ဂိုးသွင်း ကောင်းတဲ့ တိုက်စစ်မှူးတွေပိုင်ဆိုင်ထားပါတယ်။ လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ ရောဘတ်စကော့၊ ဂျာကော့ဘရန်လာဆင်တို့လဲ ရှိနေပါတယ်။ အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ဒိန်းမတ်တို့ အင်္ဂလန်ကို ရှိန်နေမယ့်အနေအထားမရှိပါဘူး။ ဒိန်းမတ်လည်း အင်္ဂလန်ကို ဂိုးသွင်းနိုင်ခြေရှိပါတယ်။
အင်္ဂလန်ကတော့ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဘရာဇီးတို့နောက် ကမ္ဘာ့အဆင့် ၄ နေရာမှာရှိပါတယ်။ နည်းပြ ဆောက်ဂိတ်လက်ထက်မှာ အင်္ဂလန်အတော်လေးတိုးတက်လာပါတယ်။ အင်္ဂလန်ဟာ ကိုဗစ်ကြောင့်ခြေစွမ်းပွဲ ၄ ပွဲမကစားလိုက်ရပေမဲ့ သူတို့ရဲ့ နောက်ဆုံး ၃ ပွဲမှာ ဘူဂေးရီးယား၊ မွန်တီနီဂရိုး၊ ကိုဆိုဗိုတို့ကို စုစုပေါင်း ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တစ်ပွဲမှဂိုးမပေးခဲ့ရပါ။ ဒါပေမဲ့ ဒီပွဲမှာတော့ ခံစစ်မှူးအချို့မပါဝင်နိုင်ပါဘူး။ အင်္ဂလန်ကလည်း ဒိန်းမတ်ကို ကျိန်းသေဂိုးသွင်းနိုင်သလို ဂိုးလဲပြန်ပေးရနိုင်ပါတယ်။ အင်္ဂလန်နဲ့ ဒိန်းမတ်တွေ့ဆုံတဲ့ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၁၂ ပွဲနိုင် ၄ ပွဲသရေကျကာ ၃ ပွဲအရှုံးကို အင်္ဂလန်တို့ ရရှိထားပါတယ်။ ဒီပွဲရဲ့အဖြေကိုတော့ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၈ ရက်၊ အင်္ဂါ ည ၁ နာရီ ၁၅ မိနစ်မှာ စောင့်ကြည့်မှ သိရမှာပါ။
(SO)