နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့အတွင်းလှည့်လည်သွားလာ၍ လမ်းဘေး၌ ရပ်ထားသော ဆိုင်ကယ် ၂၇ စီး ခိုးယူခဲ့သူအား ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၇ 


 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်မှုခင်း နှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ရာဇာနိုင်(ခ)အာသီးကို ပေါက်တောရပ်ကွက်၊ မာလာမြိုင်လမ်းမပေါ်၌ JLM-110 အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ ပြောဆိုပြသနိုင်မှုမရှိသဖြင့် ဖမ်းဆီးခဲ့ပါသည်။

 ဖမ်းဆီးရမိသူ ရာဇာနိုင်(ခ)အာသီး ကို အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ၊ မရှိ အသေးစိတ်တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး ၂၇ စီးအား ခိုးယူခဲ့ ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး ၂၇ စီးအား ပြန်လည်သိမ်းဆည်း၍ စက်တင်ဘာ ၆ ရက်တွင် ခိုးမှုကျူးလွန်သူ ရာဇာနိုင်(ခ)အာသီးကို ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ