နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၄


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၆ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သည် အောင်သုခ (၂၃)လမ်းမပေါ်၌ အောင်ခန့်ထံမှ အရိုးအသွား ၁၀ လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ညနေ ၆ နာရီ ၁၀ မိနစ်အချိန် တွင် ၂ /မြောက်ရပ်ကွက်၊ သဒ္ဒါရုံ(၂)လမ်းမပေါ်၌ ကျော်မင်းဦးထံမှ အရိုးအသွား ၁၂ လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ရွှေလင်ပန်း ကျေးရွာ၊ ရွှေအင်ကြင်းလမ်းမပေါ်၌ ရဲမင်းအောင်ထံမှ အရိုးအသွား(၃၆)လက်မခန့်ရှိ ငှက်ကြီးတောင် ဓားတစ်ချောင်းနှင့် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်တွင် ရှမ်းချောင်းကျေးရွာ၊ ဆိပ်ကမ်းသာလမ်းမပေါ်၌ မောင်မောင်သန်းထံမှ အရိုးအသွား  ၁၀ လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၈ နာရီ ၅၅ မိနစ်အချိန်တွင် (၁၀)ရပ်ကွက်၊ ပိတောက်လမ်းမဘေး၌ အောင်မင်းထွန်းထံမှ အရိုးအသွား ၁၁ လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း နှင့် ည ၇ နာရီခွဲအချိန်တွင် အတွင်းပဒံကျေးရွာ၊ ABC လမ်းမပေါ်၌ ပိုင်စိုးဦးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ  ထိပ်ဦး ချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီခွဲအချိန်တွင် ကုန်းတလပေါင်ကျေးရွာ၊ စိန်ပဒေသာ လမ်းမပေါ်၌ ရန်အောင်စိုးထံမှ အရိုးအသွား ၂၁ လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ