နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွားထိုးကြီးမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပွား တစ်ဦးသေ၊ ၂ ဦးဒဏ်ရာရ

နွားထိုးကြီး စက်တင်ဘာ ၇


   စက်တင်ဘာ ၅ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၆/၁)အနီး၊ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ဦးကျော်မြဝင်း မောင်းနှင်သည့် 4K–--- Honda Fit ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ ကိုရန်အောင်မောင်းနှင်သည့် 8C–---  Light Truck ယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

အခင်းဖြစ်နေရာသို့ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများ  သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်ပါ အမျိုးသား  ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦးအနက် အမျိုးသမီး  ၁ ဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ အမျိုးသား  ၂ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး Honda Fit ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊ အမျိုးသမီး(၁)ဦးတို့မှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ 

အဆိုပါ သေဆုံး၊ ဒဏ်ရာ ရရှိသူများအား  ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး ဦးကျော်မြဝင်းအား ပြင်စည်အမြန်လမ်းရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ