နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘားအံမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဘားအံ စက်တင်ဘာ ၇


 စက်တင်ဘာ ၅ ရက်၊ ည ၇ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ ဦးဝေါ်ဖိုး လမ်းတွင် ထက်လင်းဦး(ခ)စောချစ်သူ မောင်းနှင်ပြီး စောခင်မြင့်လိုက်ပါလာသည့် DAIHATSU အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ထက်လင်းဦး(ခ)စောချစ်သူ ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါလမ်းအတွင်းရှိ စောခင်မြင့်၏နေအိမ်အား ရှာဖွေရာ နေအိမ်အတွင်း၌ ၎င်းနှင့်အတူ မစိမ်းမိုးအားတွေ့ရှိရပြီး အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၉,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိသဖြင့် ထက်လင်းဦး(ခ)စောချစ်သူ(၂၇)နှစ်၊ စောခင်မြင့်(၆၅)နှစ်၊ မစိမ်းမိုး(၄၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

စက်တင်ဘာ ၅ ရက်၊ ညနေ ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ်၊ ယုံတောင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည်သွားကားလမ်း၌ ဇော်ဇော်ဦး(ခ)ဇော်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်နောက်တွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဇော်ဦး(ခ)ဇော်ဦး (၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ