နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် ယင်ကောင်ရိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီး

စက်တင်ဘာ ၇၊ ပါရီ


ပြင်သစ်နိုင်ငံမှ အမျိုးသားတစ်ဦးမှာ ယင်ကောင် လိုက်ရိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။ အသက် ၈၀ ဝန်းကျင်ရှိသည့် အဘိုးအိုမှာ ညစာစားရန် ပြင်ဆင်နေစဉ် တဝီဝီအော်မြည် ပျံဝဲနေသည့် ယင်ကောင်ကို ဒေါသထွက်ပြီး လျှပ်စစ်ဘတ်တံဖြင့် လိုက်ရိုက်ခဲ့သည်။ ယင်ကောင်ကို လျှပ်စစ်ဘတ်တံဖြင့် လိုက်ရိုက်နေချိန်တွင် ယင်း၏နေအိမ်၌ ဂက်စ်အိုး ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး လျှပ်စစ်ဘတ်တံနှင့် ဓာတ်ငွေ့ထိတွေ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။


အဆိုပါပေါက်ကွဲမှုကြောင့် မီးဖိုချောင်ပျက်စီးခဲ့ပြီး နေအိမ်ခေါင်မိုးတစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။ သို့သော် အမည်မဖော်သည့် အဘိုးအိုမှာ ပေါက်ကွဲမှုတွင် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး လက်တွင် အပူလောင်ဒဏ်ရာသာ ရရှိခဲ့သည်။ ယင်း၏နေအိမ်ကို မိသားစုက ပြန်လည်ပြင်ဆင်နေစဉ် အဘိုးအိုကို ဒေသတွင်းစခန်းချရာတစ်ခုသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။                                           


  Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ