နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်

စက်တင်ဘာ  ၆


ပရော်ဖက်ရှင်နယ်ကစားသမားအစည်းအရုံး PFA က ရွေးချယ်ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆု ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးနဲ့ မန်စီးတီးတို့ နှစ်သင်းရဲ့ အားကစားသမားများက လွှမ်းမိုးထားပါတယ်။ PFA ရဲ့ အကောင်းဆုံးဆုအတွက် ဆန်ခါတင် ၆ ဦးစာရင်းမှာ လီဗာပူး ၄ ဦး၊ မန်စီးတီးမှ ၂ ဦး တို့ပါဝင်နေပါတယ်။ အကယ်၍ ဗန်ဒိုက်ရခဲ့လျှင် ၂၀၀၇၊ ၂၀၀၈ က ၂ နှစ်ဆက်ရ စီရော်နယ်လ်ဒိုရဲ့ မှတ်တမ်းကိုလိုက်မီနိုင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးဆုရှင် ဒီဘရိုင်းလဲ ဒီဆုကိုမျှော်မှန်းနိုင်ပါတယ်။ ထူးခြားတဲ့ကစားသမားကတော့ လီဗာပူးမှ အာနိုးပဲဖြစ်ပါတယ်။ PFA ဆု ၂ ဆုလုံးမှာ  ဆန်ခါတင်စာရင်းထဲပါဝင်နေပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ဂါရက်ဘေးလ်ပြီးလျှင် ပထမဆု ၂ ဆုရှင်အဖြစ် မျှော်လင့်ခွင့်ရှိနေပါတယ်။ PFA လူငယ် အမျိုးသားဆုမှာ ချဲလ်ဆီးနဲ့ မန်ယူတို့ ၂ ဦးစီပါဝင်နေပြီး အာဆင်နယ်လ်၊ လီဗာပူးလ် ၁ ဦးစီပါဝင်ပါတယ်။ ဆုရစာရင်းကို ပြန်လည်ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။ PFA အမျိုးသားဆုမှာတော့ အာနိုးလ်၊ ဟန်ဒါဆန်၊ မာနေး၊ ဗန်ဒိုက်(လီဗာပူးလ်)၊ ဒီဘရိုင်းနား၊ စတားလင်း(မန်စီးတီး)။ PFA လူငယ်အမျိုးသားဆုမှာတော့ တမ်မီအေဘရာဟမ်၊ မေဆန်မောင့်(ချဲလ်ဆီး)၊ အာနိုးလ်(လီဗာပူး)၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်(မန်ယူ)၊ ဆာကာ (အာဆင်နယ်)၊ PFA အမျိုးသမီးဆုမှာတော့ ဘက်အင်္ဂလန်၊ ဆိုဖီအင်ဂယ်၊ ဂူရိုရီတန်၊ ဂျီဆိုယွန်း(ချဲလ်ဆီး)၊ ကင်လစ်တဲ၊ မီဒီမာ(အာဆင်နယ်)၊ PFA လူငယ်အမျိုးသမီးဆုမှာတော့ အီရင်ကတ်ဘက် (ချဲလ်ဆီး)၊ လော့ရင့် ဟမ့်၊ ချာလိုကယ်လီ၊ စတန်ဝေး၊ ရိုးဘက်(မန်စီးတီး)၊လော်ရင်ဂျိမ်း(မန်ယူ)တို့ဖြစ်ပါတယ်။                                      (SO)






အခြားဆက်စပ်သတင်းများ