နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာမှာဘဲ တစ်ရာသီဆက်ရှိနေမယ်လို့ မက်ဆီကိုယ်တိုင်ပြောကြား

စက်တင်ဘာ  ၆


ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ဘောလုံးသတင်းစာမျက်နှာထက်မှာ အဓိကနေရာယူနေခဲ့တဲ့ မက်ဆီရဲ့ နောက်ဆုံးရ သတင်းတစ်ခုကတော့ ချက်ချင်းဘဲပျံ့နှံ့ထွက်ပေါ်လာခဲ့ပါပြီ။ ဒီသတင်းကတော့ မက်ဆီက ဘာစီလိုနာမှာ လာမယ့် တစ်ရာသီဆက်ရှိသွားဦးမယ်လို့ မက်ဆီကိုယ်တိုင် အတည်ပြုပြောကြားလိုက်တဲ့ သတင်းပါဘဲ။ သောကြာနေ့က Goal. Com နဲ့ ပြုလုပ်တဲ့ သီးသန့်အင်တာဗျူးမှာ မက်ဆီကအတည်ပြုပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။ မက်ဆီက “ကျွန်တော် မပျော်ရွှင်ပါဘူး၊ ကျွန်တော်ထွက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ထွက်ခွင့်မပေးပါဘူး၊ ရုံးရောက်ဂတ်ရောက်မဖြစ်ချင်လို့ ကျွန်တော်ဒီကလပ်မှာပဲ ဆက်နေသွားမှာပါ၊ ဘာတိုမြူ ဦးဆောင်တဲ့ကလပ်ရဲ့စီမံခန့်ခွဲမှုဟာ လုံးဝပျက်စီးခြင်း တရားတွေပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာကို ရင်ထဲက ချစ်မြတ်နိုးတဲ့စိတ်ဟာ ဘယ်သောအခါမှ မပြောင်းလဲ ဟုလည်း မက်ဆီကဖွင့်ဟခဲ့ပါတယ်။ (SO)






အခြားဆက်စပ်သတင်းများ