စက်တင်ဘာ ၆
ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး ဆွာရက်ဇ်နေရာတွင် အစားထိုးရန် လိုင်ယွန်အသင်းတိုက်စစ်မှူး ဒီပေးကို ခေါ်ယူရန်ပြင်ဆင်ခဲ့ရာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်း နည်းပြ ရော်နယ်လ်ကိုးမန်းသည် အသင်းအတွက် ကစားသမားသစ်များ ဖြည့်တင်းရန် ဆန္ဒရှိနေပြီး နယ်သာလန်လက်ရွေးစင်အသင်းတွင် ယင်းနှင့်လက်တွဲခဲ့ဘူးသည့် လိုင်ယွန်အသင်းတိုက်စစ်မှူး ဒီပေးကိုခေါ်ယူရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ ဒီပေးသည် မန်ယူအသင်းတွင် ခြေစွမ်းကောင်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပိုင်းတိုးတက်ခဲ့ကာ ပြီးခဲ့သည့်ဘောလုံးရာသီက အသင်း နှင့်အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။
ဒီပေးသည် လက်ရှိတွင် လိုင်ယွန်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိ တော့ပြီး စာချုပ်သစ်ထပ်မံချုပ်ဆိုရန် အဆင်မပြေဖြစ်နေသောကြောင့် လာမည့်ရာသီတွင် အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်သည့်အတွက်ကြောင့် အသင်းအနေဖြင့် ယခုနှစ်အပြောင်းအရွှေ့တွင် ရောင်းချဖွယ်ရှိနေသည်။ (သူရိန်)