နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစဉ်အလာအရ အသာရနေတဲ့ အီတလီ၊ နယ်သာလန်ကို အနိုင်ကစားသွားမှာပါ

စက်တင်ဘာ  ၆


အီတလီဟာ နည်းပြမန်စီနီရဲ့လက်ထက်မှာ စွမ်းဆောင်မှုအတော်ကောင်းနေပါတယ်။ အီတလီဟာ အရင်ကတော့  ဂိုးသွင်းပြီးရင် ခံစစ်နဲ့ပိတ်ကစားတတ်ပါတယ်။ မန်စီနီရဲ့ လက်ထက်မှာတော့ တိုက်စစ်ကို အသားပေးကစားလာပါတယ်။ အီတလီကို ဆွဲဆောင်မှုပုံစံနဲ့ နေရှင်းလိဂ်ဗိုလ်လုပွဲတက်နိုင်တဲ့အထိ မန်စီနီက ပစ်မှတ်ထားနေပါတယ်။ အီတလီဟာ နေရှင်းလိဂ်ပွဲတွေမတိုင်မီ သူတို့ရဲ့နောက်ဆုံး ၁၁ ပွဲ ဆက်တိုက်အနိုင်ရခဲ့ပါတယ်။ ဒါဟာ အသင်းသမိုင်းတစ်လျှောက် စံချိန်လည်းဖြစ်ပါတယ်။ အီတလီဟာ အင်မိုဘီလီ၊ ဘာလော့တီတို့အပြင် ဆက်ဆူအိုလိုက ကာပူတို့လို ဂိုးသွင်းခြေမှန်သူတွေပါ ခေါ်ယူထား တာမို့ နယ်သာလန်ကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ အင်ဆစ်ဂနီ၊ အော်ဆိုလီနို၊ လာဆက်နာနဲ့ မွိုင်ဆီကိန်း တို့ရှိနေတာကြောင့် ဘယ်သူ့ကို တိုက်စစ်ဦးစားပေးရွေးချယ်ဖို့တောင် မန်စီနီဝေခွဲမရဖြစ်နေပါတယ်။

နယ်သာလန်က ပိုလန်နဲ့ပွဲအပြီးမှာ အီတလီကို အိမ်ကွင်း၊ လက်ခံကစားရတာပါ။ ယာယီနည်းပြ ဒွိုက်လိုဒီဝိတ်ရဲ့ ဒုတိယမြောက်ပွဲလည်းဖြစ်ပါတယ်။ နယ်သာလန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ ရော်နယ်ကိုးမန်းလက်ထက်မှာ နေးရှင်းလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် နည်းပြအပြောင်းအလဲမှာတော့ အခြေအနေယိမ်းယိုင်လျက်ရှိပါတယ်။ နယ်သာလန်ဟာ ဒီခြေစစ်ပွဲအမီ PSV က ကွင်းလယ်ကစားသမား မိုဟာမက်၊ အယ်ကမာက ဘယ်အစွန်ခံစစ်မှူး အိုဝင်ဝင်ဒယ်တို့လို မျက်နှာသစ်ကစားသမားတွေကို ခေါ်ယူထားရပါတယ်။ နယ်သာလန်မှာ ကစားသမားကောင်းတွေ အများကြီး ရှိလို့ အီတလီကိုဒုက္ခပေးနိုင်စွမ်းလဲရှိကြပါတယ်။ နယ်သာလန်နဲ့ အီတလီပြိုင်ပွဲစုံ ၂၁ ပွဲတွေ့ဆုံခဲ့ပြီး အီတလီက ၁၀ ပွဲထိနိုင်၊ ၈ ပွဲသရေနဲ့ ၃ ပွဲသာရှုံးခဲ့ပါတယ်။ ၂၀၀၈ မှာ အီတလီ၊ နယ်သာလန်ကို ရှုံးခဲ့ပြီးနောက် တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ အီတလီတို့ မရှုံးခဲ့ပါဘူး။ အစဉ်အလာအရလည်း အီတလီကသာနေပြီး ခြေစွမ်းလည်း အကောင်းဆုံးပုံစံရနေပါတယ်။ ဒီပွဲကိုတော့ စက်တင်ဘာ ၇ ရက် (တနင်္လာနေ့)ည ၁ နာရီ ၁၅ မိနစ်မှာ ကြည့်ရမှာပါ။                                                                                                                                      (SO)






အခြားဆက်စပ်သတင်းများ