နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူနာသစ်တွေ့ရှိမှု ကျဆင်းခြင်းမရှိ၍ မဲလ်ဘုန်းမြို့တွင် ပိတ်ဆို့မှုစည်းမျဉ်းကို ရက်သတ္တနှစ်ပတ် သက်တမ်းတိုးမြှင့်

စက်တင်ဘာ ၆၊ ဆစ်ဒနီ


ကိုဗစ်-၁၉ ရောဂါ လူနာသစ်တွေ့ရှိမှု သိသိသာသာ ကျဆင်းသွားခြင်းမရှိ၍ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ချမှတ်ထားသည့် ပိတ်ဆို့မှုကို ရက်သတ္တနှစ်ပတ် သက်တမ်းတိုးမြှင့်လိုက်ကြောင်း အရာရှိများက ပြောသည်။ ဖြေလျှော့မှုအနည်းငယ်လုပ်ထားသော်လည်း ပိတ်ဆို့မှုစည်းမျဉ်းများမှာ စက်တင်ဘာလ ၂၈ ရက်အထိ အကျုံးဝင်မည်ဟု ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီယယ်အန်ဒရူးက ပြောသည်။ 

လာမည့်အောက်တိုဘာလမှစ၍ ပိတ်ဆို့မှုစည်းမျဉ်းများကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးသွားမည်ဟု ဆိုသည်။ ဗစ်တိုးရီးယားပြည်နယ်မှာ သြစတြေးလျနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းတွင် ဗဟိုချက်ဖြစ်နေပြီး သြစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၅၃ ဦးအနက် ၉၀ ရာခိုင်နှုန်းမှာ ဗစ်တိုးရီးယားပြည်နယ်မှဖြစ်သည်။ လူဦးရေ ၂၅ သန်းနေထိုင်သည့် သြစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၀၀၀ ရှိနေသည်။ 

မဲလ်ဘုန်းမြို့တော်တစ်ဝိုက်ဒေသကို ဇူလိုင်လ ၉ ရက်ကတည်းက ပိတ်ဆို့မှုလုပ်ထားခြင်းဖြစ်သည်။ ဈေးဆိုင်များ၊ စီးပွားရေးလုပ်ငန်းများကို ပိတ်ထားပြီး ၃ မိုင်အကွာအဝေးအတွင်းသာ ခရီးသွားခွင့်၊ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားသည်။                                                                                     Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ