နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့်စုဝေးပွဲတွင် လှေအများအပြား နစ်မြုပ်

စက်တင်ဘာ ၆၊ ဝါရှင်တန်


လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံ အားပေးကြောင်းပြသသည့် စုဝေးပွဲကျင်းပနေစဉ် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ရေကန်ကြီးအတွင်း လှေအများအပြား နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း အရာရှိများက ပြောသည်။ တက္ကဆက်ပြည်နယ် အော်စတင် မြို့အနီးရှိ ထရာဗစ်ရေကန်အတွင်း လှေအများအပြား နီးကပ်စွာ ခုတ်မောင်းခဲ့ကြခြင်းကြောင့် လှိုင်းထန်ပြီး လှေများ နစ်မြုပ်ခဲ့ခြင်းဖြစ်မည်ဟု အာဏာပိုင်များက ပြောသည်။ 

ထွက်ပေါ်လာသည့်ဓာတ်ပုံများအရ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအလံများ လွှင့်ထူထားသည့် လှေအများအပြား နီးကပ်စွာ ရှိနေကြောင်း တွေ့ရသည်။ လူအများအပြားကို ရေထဲမှ ကယ်ဆယ်ခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းထွက်ပေါ်လာခြင်းမရှိသေးပေ။ ထရာဗစ်ရေကန်မှ ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့်လှေများ စုဝေးပွဲ (Lake Travis Trump Boat Parade)ဟု အမည်ပေးထားသည့် အခမ်းအနားကျင်းပရန် ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွင် လှုပ်ရှားမှုလုပ်ခဲ့ခြင်းဖြစ်ပြီး လူ ၂၆၀၀ ကျော်က အခမ်းအနားတက်ရောက်မည်ဟု ဖော်ပြခဲ့ကြသည်။ 

လှေများနစ်မြုပ်သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည့် အထောက်အထားမတွေ့ရကြောင်း ထရာဗစ်ကောင်တီ တရားဥပဒေစိုးမိုးရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတင်ဒါ့ခ်က ပြောသည်။ စုဝေးပွဲကျင်းပခဲ့ချိန်က ထရာဗစ်ရေကန်အနီးတစ်ဝိုက်တွင် မုန်တိုင်းတိုက်ခတ်မှုမရှိခဲ့ကြောင်း အော်စတင်မြို့ အမျိုးသားမိုးလေဝသဌာနမှ အရာရှိ ပေါလ်ယူရာက ပြောသည်။             Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ