နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်နက်ကိုင်များကို နှိမ်နင်းသည့်စစ်ဆင်ရေးတွင် နိုင်ဂျာစစ်တပ်က အရပ်သားများကို ကွပ်မျက်ခဲ့ဟု ဆို

စက်တင်ဘာ ၆၊ နီယာမ


လက်နက်ကိုင်များကို တန်ပြန်နှိမ်နင်းသည့် စစ်ဆင်ရေးများတွင် နိုင်ဂျာစစ်တပ်က အရပ်သား ဒါဇင် ပေါင်းများစွာကို ကွပ်မျက်ခဲ့သည်ဟု နိုင်ဂျာအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စွပ်စွဲခဲ့သည်။ ဂျီဟတ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နိုင်ဂျာနိုင်ငံ အနောက်မြောက်ပိုင်း တီလာဘာရီမြို့ရှိ တွင်းကြီး ၆ တွင်းတွင် ရုပ်အလောင်း ၇၀ ကျော် ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ယခုလအစောပိုင်းက ကွပ်မျက်မှုများဖြစ်ပွားခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ 

အရပ်သားများကို အသွားပါသည့် လက်နက်များ၊ လက်နက်ငယ်များဖြင့် သတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူတစ်ဦးက ပြောသည်။ နိုင်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုနိုင်ငံများ၏ စစ်တပ်များမှာ ဂျီဟတ်များနှင့် ဆာဟယ်ဒေသမှ လက်နက်ကိုင်တပ်ဖွဲ့များကို စစ်ဆင်ရေးလုပ်ချိန်အတွင်း ဥပဒေမဲ့သတ်ဖြတ်မှု ဒါဇင်ပေါင်းများစွာ လုပ်ခဲ့သည်ဟု နိုင်ငံတကာအခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။ စစ်တပ်က စစ်ဆင်ရေးလုပ်ခဲ့ပြီးနောက် မတ်လ ၂၇ ရက်မှ ဧပြီလ ၂ ရက်ကြားကာလအတွင်း အဆိုပါဒေသတွင် အရပ်သား ၁၀၂ ဦး ပျောက်ဆုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို နိုင်ဂျာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က  စုံစမ်း စစ်ဆေးနေသည်။                                                                                                                             Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ