နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးကောင်း စက်တင်ဘာ ၆


  စက်တင်ဘာ ၄ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးကောင်းမြို့နယ်၊ မိုးကောင်း-မိုးညှင်းသွားကားလမ်း၊ ကညင်မြိုင်ကျေးရွာ ဆိုင်းဘုတ်အနီးတွင် မိုးနိုင် မောင်းနှင်ပြီး မင်းဦး(ခ)ချစ်ပေါ၊ မခင်စန်းတင့်(ခ)နိုင်းနိုင်းနှင့် မကြယ်စင်(ခ)သူဇာတို့လိုက်ပါ လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်း ဆာလာအိတ်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၀ ဒသမ ၉၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မိုးနိုင်(၄၀)နှစ်၊ မင်းဦး(ခ)ချစ်ပေါ(၂၉)နှစ်၊ မခင်စန်းတင့်(ခ)နိုင်းနိုင်း(၄၅)နှစ်၊ မကြယ်စင်(ခ)သူဇာ(၂၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက်၊ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနေ မရန်လု(ခ)လုမိုင်၏နေအိမ်အား ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၇၀ ပြားနှင့် မြန်မာငွေ ၈၀၀,၀၀၀ ကျပ် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မရန်လု(ခ)လုမိုင်(၄၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ