နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လုံမြို့တွင် ငွေကျပ် ၆,၈၆၃.၇ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ပင်လုံ စက်တင်ဘာ ၆


 စက်တင်ဘာ ၄ ရက်၊ မွန်းတည့် ၁၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နောင်လိုင်ကျေးရွာအုပ်စု၊ နမ့်လင်းကျေးရွာအနီး၊ ပင်လုံ-လဲချားသွားကားလမ်းတွင် ကျော်ကျော်(ခ)အားတုံ မောင်းနှင်ပြီး ဝမ်လောင်ဝူ(ခ)ဝူတီးလိုက်ပါလာသည့် PAJERO အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ ဘိန်းဖြူ ၄၅ ဒသမ ၇၅၈ ကီလိုနှင့် လက်ကိုင်ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်(ခ)အားတုံ(၃၀)နှစ်၊ ဝမ်လောင်ဝူ(ခ)ဝူတီး(၂၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ ဘော်ကြိုဈေးကျေးရွာ၊ ဘော်ကြိုဘုရားအနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင် သိန်းထွန်းအောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်း လွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိန်းထွန်းအောင်(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ