နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေရဲ့ ပြင်းထန်လှတဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ မက်ဆီ

စက်တင်ဘာ  ၅


အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ မက်ဆီဟာ ငယ်ငယ်ကတည်းကစပြီး ယခုအချိန်ထိ ဘာစီလိုနာအသင်းမှာ ကာလရှည်ကျင်လည်နေထိုင်ခဲ့သူဖြစ်ပြီး ဘာစီလိုနာရဲ့သမိုင်းမှာလည်း အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်တွေကပါ သတ်မှတ်ခံခဲ့ရသူပါ။ ကမ္ဘာ့ဘောလုံးသမိုင်းမှာလည်း အကောင်းဆုံးကစားသမား စာရင်းဝင်သူပါ။ မက်ဆီဟာ ဘာစီနဲ့အတူ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၆ ကြိမ် ရရှိထားသလိုပဲ အသင်းနဲ့အတူ ဆုဖလားများစွာကိုလည်း ရယူနိုင်ခဲ့သူပါ။ ဒါပေမဲ့ နောက်ဆုံး ၅ နှစ်မှာတော့ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခြင်းမရှိတာကြောင့် ရယူနိုင်တဲ့အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေခဲ့ပါတယ်။ ဘာစီလိုနာ အသင်းကလည်း လက်မလွှတ်ရရေး အစွမ်းကုန်ကြိုးစားနေကြပါတယ်။ စပိန်နာမည်ကြီး သတင်းထောက် အီဒူးအဂွါရီက ဘာစီကနေထွက်ခွာဖို့ ကြိုးစားနေတဲ့ မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံး သစ္စာဖောက်မှုကို ကျူးလွန်နေတာပါလို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ 

အီဒူးအဂွါရီက “ကျွန်တော့အတွက်တော့ မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျှောက်သစ္စာဖောက်မှုကို ကျူးလွန်နေတာပါပဲ။ ဘာစီအသင်းရဲ့ ပရိသတ်တွေဟာ ဒီလိုမျိုးလုပ်ရပ်နဲ့ မထိုက်တန်ပါဘူး။ မက်ဆီက ပရိသတ်ကို ချောင်ထိုးထားနေသလိုပါပဲ။ အမှန်က မက်ဆီဟာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကျွန်တော်က ဘာစီလိုနာအသင်းမှာ ဆက်နေသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းမှာ ကျွန်တော့ရဲ့ အမှတ်တရတွေ အများကြီးရှိနေသလို ဒီအသင်းဟာ ကျွန်တော့အတွက် ဘယ်လိုအရေးပါသလဲဆိုတာ ကျွန်တော်သိနေလို့ပါပဲ ဆိုပြီး ပြောသင့်တဲ့အချိန်ပါ။ မက်ဆီက ဘုတ်အဖွဲ့ကို တိုက်ရိုက်သွားပြီး ဘုတ်အဖွဲ့ကို ဒုက္ခပေးနေပါတယ်။ ခုအချိန်က သူထွက်ခွာသင့်တဲ့ အချိန် မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ