မြန်အောင် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးက ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်၁၈ နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်များ ဖြည့်သွင်းပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ရပ်ကွက်/ကျေးရွာအရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၄ ရက်၊ နံနက်က မြန်အောင်မြို့ အမှတ် (၆) ရပ်ကွက်တွင် ဆောင်ရွက်ပေးလျက်ရှိစဉ်။
ဝင်းဗိုလ်(မြန်အောင်)