ရန်ကုန်၊ စက်တင်ဘာ ၅
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်များ အခမဲ့ဖတ်ရှုငှားရမ်းပေးခြင်း၊ အထိမ်းအမှတ်နေ့ များတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်း၊ ပညာဒါန သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ COVID-19 ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ပြည်သူများ မိမိအိမ်မှပင် အသိပညာဗဟုသုတရရှိစေသည့် “အွန်လိုင်းအသိပညာပေးအစီအစဉ်” များကို အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးလျက်ရှိစဉ်။
(တင်တင်ချို)