နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လျှပ်စစ်မီတာခများကို မေ၂၀ ရက်အထိပေးဆောင်နိုင်

ရန်ကုန် ဧပြီ ၂၃ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားခများ လာရောက်ပေးသွင်းသည့် ဒေသခံပြည်သူများ လူစုလူဝေးမဖြစ်စေရန် စီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်လျှပ်စစ်ရုံးမှ သိရသည်။ COVID-19 ရောဂါကင်းဝေးစေရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်(၂၇)ခုနှင့် လျှပ်စစ်မီးသုံးစွဲသည့် အိမ်ထောင်စုပေါင်း ၄၈၅၈၈ ရှိရာ ဒေသခံပြည်သူများက လျှပ်စစ်ဓာတ်အားခ လာရောက်ပေးသွင်းရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာဖြင့် လျှပ်စစ် ဓာတ်အားခများပေးသွင်းနိုင်ရန် စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။ ထို့အပြင် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် မတ်လအတွက်မီတာခပေးဆောင်ခြင်းကို ယခင်က ဧပြီလ ၂၀ ရက်နေ့မှ ၂၈ ရက်အထိ သတ်မှတ်ထားသော်လည်း ယခုအခါ ဧပြီ ၂၀ ရက်မှ မေ၂၀ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ မီတာဘီလ်ပေးဆောင်ရာတွင် (ရက်လွန်ဒဏ်ကြေး) များ ပေးဆောင်ရန်မလိုကြောင်းနှင့် ဓာတ်အားဖြတ်တောက်ခြင်းများလည်း ပြုလုပ်သွားမည်မဟုတ် ကြောင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်မင်းထွန်းထံမှ သိရှိရသည်။ မြင့်ရီ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ