နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WLC-14 တွင် လက်ရှိကမ္ဘာ့ချန်ပီယံနှင့် စပိန်ဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသတ်မည်

ရန်ကုန်   စက်တင်ဘာ   ၅


ကမ္ဘာ့အဆင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများကို စီစဉ်လျက်ရှိသည့် World Lethwei Championship (WLC) က WLC: Lethwei Showcase ဟု အမည်ပေးထားသော WLC-14 ကို စက်တင်ဘာ ၂၅ ရက်တွင် ပရိသတ်မပါဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း WLC မှ ထုတ်ပြန်ကြေညာလိုက်သည်။

''WLC: Lethwei Showcase ကတော့ ခပ်ကြမ်းကြမ်းထိုးသတ်တတ်တဲ့ စပိန်ဖိုက်တာနဲ့ လက်ရှိချန်ပီယံ တို့ကြောင့် မမေ့နိုင်စရာည ဖြစ်ပါလိမ့်မယ်။ ဒီပွဲနဲ့အတူ တခြားပွဲကောင်းတွေလည်း ပါဝင်လာမှာပါ''ဟု WLC ဥက္ကဋ္ဌ ဦးဇေသီဟက ပြောသည်။

အဆိုပါ WLC-14 တွင် ခေါင်ပွဲတွင် လိုက်ဝယ်လ်တာဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အန်တိုနီယိုဖာရဲရားကို စပိန်ဖိုက်တာ ဖရန်စစ္စကိုမီညာလက်စ်က စိန်ခေါ်ထိုးသတ်မည်ဖြစ်ရာ ယင်းပွဲကို စက်တင်ဘာ ၂၅ ရက်၊ ညနေ ၆ နာရီခွဲတွင် Canal+ မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထို့အပြင် တိုက်ခိုက်ရေးအားကစားသမားများ၏ နာမည်ကျော် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုဖြစ်သော UFC Fight Pass ကလည်း ပြသသွားမည်ဖြစ်သည့်အပြင် အခြားနိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း WLC မှ သိရသည်။


ကျော်စိုးသူ (City News)






အခြားဆက်စပ်သတင်းများ