နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး လိုက်လံနှိုးဆော်

ရန်ကုန် စက်တင်ဘာ ၅


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်ရည်ရွယ်၍ စက်တင်ဘာ ၄ ရက်ညက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။


ထိုသို့ လိုက်လံနှိုးဆော်ရာတွင် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း ည ၁၂ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအချိန်ထိ နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရ အမိန့်ကို ပြည်သူများသိရှိလိုက်နာနိုင်စေရန် ရပ်ကွက်/ကျေးရွာများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ပြီးနောက် ညမထွက်ရအမိန့်ဖောက်ဖျက်သူများကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈) ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းညမထွက်ရအမိန့်သည် အများပြည်သူ အကျိုးငှာ ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများတိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရှိရသည်။


ဇင်ငြိမ်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ