ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့် ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးတို့အတွက် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းကို Community Base Quarantine Centre အဖြစ် သတ်မှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ(အခမဲ့)ဖြန့်ဝေပေးခြင်းနှင့် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာတိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်သွားလာနိုင်ရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်တာဝန်ရှိသူများနှင့်ပရဟိတအဖွဲ့ များက ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)