နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးက ရောဂါတိုက်ဖျက်နိုင်သည့် ကိုယ်ခံအား ဖြစ်ပေါ်စေ

စက်တင်ဘာ ၅၊ မော်စကို


အစောပိုင်းစမ်းသပ်မှုများအရ ယင်းတို့၏ကာကွယ်ဆေးမှာ ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်တိုက်ဖျက် နိုင်သည့် ကိုယ်ခံအားဖြစ်ပေါ်စေသည်ဟု ရုရှားသိပ္ပံပညာရှင်များက အစီရင်ခံခဲ့သည်။ ကာကွယ်ဆေး ထိုးနှံခဲ့သူအားလုံးတွင် ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သည့် ပဋိပစ္စည်းဖြစ်ပေါ်စေပြီး ဘေးထွက်ဆိုးကျိုး ဆိုးဆိုးရွားရွား မရှိကြောင်း The Lancet ဆေးပညာစာစောင်တွင် ဖော်ပြသည့် အစီရင်ခံစာ၌ ရေးသားထားသည်။ 

ရုရှားနိုင်ငံမှာ ယင်းတို့၏ကာကွယ်ဆေးနှင့်ပတ်သက်သည့် အချက်အလက်များ မထုတ်ပြန်မီ ပြီးခဲ့သည့်သြဂုတ်လကတည်းက ပြည်တွင်း၌ အသုံးပြုရန် ခွင့်ပြုချက်လိုင်စင်ပေးအပ်ခဲ့သည်။ ရုရှားကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု အတိုင်းအတာမှာ ဆေးစွမ်းအာနိသင်နှင့် ဘေးဥပါသ် သင့်စေနိုင်ခြင်း ရှိ၊ မရှိ အတည်ပြုနိုင်လောက်သည့် ပမာဏမရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ သို့သော် ယခုထွက်ပေါ်လာသည့် ရလဒ်များမှာ ဝေဖန်သူများကို အဖြေပေးလိုက်ခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံက တုံ့ပြန်ခဲ့သည်။ ပြီးခဲ့သည့်ဇွန်လနှင့် ဇူလိုင်လကြား ကာလအတွင်း Sputnik-V ဟု အမည်ရသည့် ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု နှစ်ကြိမ်လုပ်ခဲ့ပြီး တစ်ကြိမ်စီတွင် ကျန်းမာသန်စွမ်းသည့် စေတနာ့ဝန်ထမ်း ၃၈ ဦးကို ကာကွယ်ဆေး တစ်ဖုံစီ ထိုးသွင်းပေးခဲ့ကာ ရက်သတ္တသုံးပတ်အကြာတွင် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ စေတနာ့ဝန်ထမ်းများမှာ ရက်သတ္တသုံးပတ်အတွင်း ပဋိပစ္စည်းများ ဖြစ်ပေါ်လာခဲ့သည်ဟု တွေ့ရသည်။ ကာကွယ်ဆေး ထိုးနှံသူများ အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးမှာ ခေါင်းကိုက်ခြင်းနှင့် အဆစ်အမြစ်နာခြင်းဖြစ်သည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ