နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ပင်လယ်ပြင်တွင် ဧပြီ ၂၀ ရက်နှင့် ၂၁ ရက် နှစ်ရက်အတွင်း ကမ်းနီးငါးဖမ်းရေပြင်နှင့် တားမြစ်ဧရိယာများအတွင်းသို့ ကမ်းဝေးငါးဖမ်းရေယာဉ်တစ်ရာ့သုံးဆယ်ကျော်အထိ ဝင်ရောက်ကာငါးဖမ်းဆီးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့

ရန်ကုန် ဧပြီ ၂၃ မြန်မာ့ပင်လယ်ပြင်တွင် ဧပြီ ၂၀ ရက်နှင့် ၂၁ ရက် နှစ်ရက်အတွင်း ကမ်းနီးငါးဖမ်းရေပြင်နှင့် တားမြစ်ဧရိယာ များအတွင်းသို့ ကမ်းဝေးငါးဖမ်းရေယာဉ်တစ်ရာ့သုံးဆယ်ကျော်အထိ ဝင်ရောက်ကာငါးဖမ်းဆီးမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ဧပြီ ၂၁ ရက်ထုတ်ပြန်သတင်းများအရ သိရသည်။ ငါးလုပ်ငန်း ဦးစီးဌာနအနေနှင့် မြန်မာ့ရေ သယံဇာတများ ရေရှည်ထိန်းသိမ်းကာကွယ်ရေး၊ ပင်လယ်ပြင်တွင် ငါးပုစွန်များ ကို ဖမ်းဆီးလုပ်ကိုင်နေကြသည့် ငါးဖမ်းစက်လှေများအနေနှင့် စည်းကမ်းတကျ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် စည်းကမ်းသတ်မှတ်ချက်များဖြင့် လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိသည်။ အဆိုပါစည်းကမ်းသတ်မှတ်ချက်များတွင် ကမ်းနီးငါးဖမ်းလုပ်ငန်းငယ်လေးများ ထိခိုက်မှုမရှိစေရေးနှင့် ငါးပြုန်းတီးမှုမဖြစ်စေရေးအတွက် ကမ်းဝေးငါးဖမ်းစက်လှေများအနေနှင့် ကမ်းနီးငါးဖမ်းကွက်များသို့ဝင်ရောက် ဖမ်းဆီးမှုမပြုလုပ်ရန်၊ ကမ်းဝေးငါးဖမ်းစက်လှေများ အနေနှင့် တားမြစ်ဧရိယာများတွင် ဝင်ရောက်ငါးဖမ်း ခြင်းမပြုရန် စသည့်စည်းကမ်း သတ်မှတ်ချက်များပါဝင်သည်။ ယခုအခါမြန်မာ့ပင်လယ်ပြင်ဒေသများတွင် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် ကမ်းဝေးငါးဖမ်းစက်လှေများအားလုံးတွင် E-MTU/Transponder(VMS) ကိရိယာများကို တပ်ဆင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အဆိုပါကမ်းဝေးငါးဖမ်း စက်လှေများအတွက် ကန့်သတ်နယ်မြေများဖြစ်သည့် ကမ်းနီးငါးဖမ်းကွက်များ၊ LMMA၊Co-Management ဧရိယာများ၊ တနင်္သာရီတိုင်းဒေသကြီးလန်ပိကျွန်းဧရိယာများနှင့် တားမြစ်ထားသည့်ငါးဖမ်းကွက် F-13,F-14, F-20 , F-21 သို့ဝင်ရောက်ကာ ငါးပုစွန်များဖမ်းယူဆောင်ရွက်နေသည့် စည်းကမ်းဖောက်ဖျက်ကမ်းဝေးငါးဖမ်း ရေယာဉ်များကို VMS Contro Canter များက ထိန်းချုပ်ဆောင်ရွက်ကာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၁ ရက်မှ စတင်ကာ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဆောင်ရွက်မှုများအရ ဧပြီ ၂၀ ရက်နှင့် ၂၁ ရက် နှစ်ရက်အတွင်း ကမ်းနီးငါးဖမ်းရေပြင်နှင့် တားမြစ်ဧရိယာများအတွင်းသို့ စည်းကမ်းဖောက်ဖျက်ကမ်းဝေးငါး ဖမ်းရေယာဉ် ၁၃၂ စီးအထိ ဝင်ရောက်ကာငါးဖမ်းဆီးမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ပေးခဲ့သည်။ အဆိုပါ စည်းကမ်းဖောက်ဖျက် ကမ်းဝေးငါးဖမ်းစက်လှေများမှာ အဆိုပါနှစ်ရက်တာ ကာလအတွင်း တနင်္သာရီပင်လယ်ပြင်တွင် ၇၈ စီး၊ ရခိုင်ပင်လယ်ပြင်တွင် ၄၈ စီး၊ မွန်ပင်လယ်ပြင်တွင်တစ်စီးနှင့် ဧရာဝတီ တိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ပင်လယ်ပြင်တွင်ငါးစီး၊ စုစုပေါင်း ၁၃၂ စီးအထိ ရှိနေခဲ့ခြင်းဖြစ်သည်။ အဆိုပါ စည်းကမ်းဖောက်ဖျက်ကမ်းဝေးငါးဖမ်းရေယာဉ်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် တရွတ်ဆွဲပိုက်နှင့် ကင်းမွန်မီးထွန်း ကမ်းဝေးငါးဖမ်းရေယာဉ်များဖြစ်ပြီး တားမြစ်ငါးဖမ်းကွက် F-13,F-14, F-20 , F-21 နှင့် လန်ပိကျွန်းအနီး ဝင်ရောက်ဖမ်းယူခဲ့ကြခြင်းဖြစ်သည်။ ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ