နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ် ၁၀၀ နီးပါးတွင် တတိယအကြိမ်အဖြစ် ဆစ်ဒနီကမ်းလွန်ဘက်တွင် ဝေလငါးပြာကို မြင်တွေ့

စက်တင်ဘာ ၅၊ ဆစ်ဒနီ


နှစ် ၁၀၀ နီးပါးအတွက် တတိယအကြိမ်မြောက်အဖြစ် ဝေလငါးပြာ (blue whale)တစ်ကောင်ကို သြစတြေးလျနိုင်ငံ ဆစ်ဒနီကမ်းလွန်ဘက်တွင် မြင်တွေ့ခဲ့ရသည်ဟု သားရဲတိရစ္ဆာန်ထိန်းသိမ်းရေး အာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့်လက နယူးဆောက်ဝေးလ်ပြည်နယ် မာရူဘရာဆင်ခြေဖုံးဒေသ၏ ကမ်းခြေအနီး ရေပိုင်နက်တွင် ဝေလငါးပြာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဝေလငါးပြာတစ်ကောင်ကို မြင်တွေ့ရခြင်းမှာ အလွန်ရှားပါးသည့် ကြုံတောင့်ကြုံခဲဖြစ်ရပ်ဟု နယူးဆောက်ဝေးလ်ပြည်နယ် အမျိုးသားဥယျာဉ်နှင့် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (NPWS)က အတည်ပြုခဲ့သည်။ 

ကမ္ဘာပေါ်တွင် အကြီးဆုံးသတ္တဝါဖြစ်သည့် ဝေလငါးပြာတစ်ကောင်ကို ယခုကဲ့သို့ ကမ်းခြေနှင့် နီးကပ်လွန်းသည့်နေရာမျိုးတွင် မြင်တွေ့ရခြင်းမှာ အင်မတန်ကြုံရခဲသည်ဟု (NPWS)က ဆိုသည်။ ဝေလငါးပြာမှာ အလျား ၈၂ ပေ၊ ခန္ဓာကိုယ်အလေးချိန် တန် ၁၀၀ ကျော်အထိ ရှိနိုင်သည်ဟု ဆိုသည်။ ခန္ဓာကိုယ်အရွယ်အစား ကြီးမားလွန်းသော်လည်း မျက်စိလျင်လွန်းသည့် ဝေလငါးကြည့်သူများပင် ယင်းတို့ကို အလွယ်တကူ မမြင်တွေ့နိုင်ဟု ဆိုသည်။ '' သူတို့က ပင်လယ်ပြင်ကနေ အလှမ်းဝေးတဲ့နေရာမှာ နေလေ့ ရှိတော့ သူတို့ကို မကြာခဏ မတွေ့ရဘူး။ အကောင်ရေလည်း သိသိသာသာ နည်းလာတယ်။ ဝေလငါးပြာတွေ ဆောင်းခိုတာ၊ ကျက်စားတာ စတဲ့ အချက်အလက် အနည်းအကျဉ်းလောက်ပဲ ရှိပါတယ်'' ဟု (NPWS)မှ အန်ဒရူးမာရှယ်က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ