နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် Covid-19 ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် KTV, Bar, အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် နေအိမ်၊ ဆိုင်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူိ

နေပြည်တော် စက်တင်ဘာ ၅


လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် Covid-19 ရောဂါကူးစက်မှုအား ထိရောက်စွာ ထိန်းချုပ်ရန် အတွက် “Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်လုပ်ငန်းကော်မတီ” မှ KTV, Bar, အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်ခြင်းမပြုရန် ထုတ်ပြန်ထားသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း၌ လိုက်နာခြင်းမရှိဘဲ တရားမဝင်ဖွင့်လှစ်လုပ်ကိုင်နေသည့် နေအိမ်၊ ဆိုင်များအား စက်တင်ဘာ ၂ ရက်နှင့် ၃ ရက် ညများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင်ဝင်ရောက်ရှာဖွေ စစ်ဆေး ဖော်ထုတ်ခြင်းများပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ KTV ဆိုင်တစ်ဆိုင်၊ ပြည့်တန်ဆာအိမ် ၂ အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးအားလည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၄ ဦးအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ KTV ဆိုင်တစ်ဆိုင်မှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ လာရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၁၆ ဦးအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် တောင်ငူမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ ဦးအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ဆောမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း ၃ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦးအား လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ KTV ဆိုင်တစ်ဆိုင်မှ ပိုင်ရှင် တစ်ဦးအားလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးရှိ ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ KTV/Bar ဆိုင် ၂ ဆိုင်၊ တရားမဝင်အနှိပ်ခန်း ၁ ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများ၊ ဧည့်သည်နှင့် အကူ သီဆိုသူ စုစုပေါင်း ၅၂ ဦးအားလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ် မြို့တို့ရှိ KTV, Bar ဆိုင် ၄ ဆိုင်မှ  ပိုင်ရှင်၊ မန်နေဂျာ၊ အကူသီဆိုသူနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၃၆ ဦးအားလည်းကောင်း၊ စုစုပေါင်း တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV/Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။  


ဆွေဦး






အခြားဆက်စပ်သတင်းများ