ရန်ကုန် စက်တင်ဘာ ၅
စက်တင်ဘာ ၄ ရက် (ည) အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်း ခရိုင်တို့တွင် သက်ဆိုင်ရာမြို့နယ်များအလိုက် မြို့နယ်ရဲတပ်ဖွဲ့မှူးများဦးစီး ၍ အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးအောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲလက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အများပြည်သူများ စိတ်အေးချမ်း သာစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပွားစေရေးနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင် ရေးတို့အတွက် ယာဉ်တင်လှည့်ကင်းဆောင်ရွက်ခြင်း၊ ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းနှင့် နယ်မြေစိုးမိုးရေးဆောင်ရွက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေအလိုက် ခရိုင်ရဲတပ်ဖွဲ့မှူးများမှ အနီးကပ်ကြီးကပ်ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွေဦး