နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နမ့်ခမ်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နမ့်ခမ်း စက်တင်ဘာ ၄


 စက်တင်ဘာ ၃ ရက်၊ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့၊ မန့်နားကောင်းရပ်ကွက်နေ မရှောမေ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းရှိ သံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၅၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မရှောမေ(၅၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၃ ရက်၊ နံနက် ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ကော်အားကို(၃)ကျေးရွာနေ တားထူ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူ မမာရိ အားတွေ့ရှိရပြီး နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် မမာရိ(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ